အမျိုးသမီးနှစ်ဦးက သူမတို့ကို ထရန့်က မဖွယ်မရာ ကိုင်တွယ် ခဲ့ကြောင်း ပြောကြား


ဝါရှင်တန်ဒီစီ ၊ အောက်တိုဘာ ၁၃

အမျိုးသမီး နှစ်ဦးက ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် အနေဖြင့် မိမိတို့ကို မဖွယ်မရာ ကိုင်တွယ်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာသို့ ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်သည်။

ဂျက်ဆီကာ လိဒ်စ် နှင် ရေရှယ်ခရွတ် ဟူသော အမျိုးသမီး နှစ်ဦးက သူမတို့ကို ထရန့်က ခွင့်ပြုချက်မရ ၊ အလိုဆန္ဒမပါဘဲ မဖွယ်မရာ ပွတ်သပ်ကိုင်တွယ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဖြစ်ရပ်တစ်ခုမှာ ၂၀၀၅ ခုနှစ်က ဖြစ်ခဲ့ပြီး နောက်ဖြစ်ရပ်တစ်ခုမှာလွန်ခဲ့သော နှစ် ၃၀ အကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CNN သတင်းဌာနက ထရန့်ကို ခင်ဗျား ဘ၀မှာ မိန်းမတစ်ယောက်ကို သူ့ခွင့်ပြုချက်မပါ ဆန္ဒမရှိဘဲ အတင်းအကြပ် နမ်းခဲ့ဘူးလား ဟုမေးခဲ့ရာသူက ဟင့်အင်း ကျနော် ဒါမျိုးမလုပ်ဖူးပါဘူး ဟုပြောကြားခဲ့သည် ။ ထိုအခါ အမျိုးသမီး နှစ်ဦးက သူတို့ အနမ်းခံခဲ့ရသည့် ဇာတ်လမ်းကို ပြောပြရန်ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထရန့်၏ အောင်နိုင်ရေးအဖွဲ့က သတင်းများအားလုံးသည် နိုင်ငံရေး အရ လှုံ့ဆော်ခြင်းများသာဖြစ်ကြောင်းပြောကြားရင်း စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ထရန့်ကလည်း နယူးယောက်တိုင်းမ် သတင်းထောက်ကို ဒါမျိုးဘယ်တုန်းက မှ
မဖြစ်ခဲ့ဘူးဟုပြောကြားခဲ့သည်။ ။

စီအင်အင်
ATO
china.com Myanmar
https://www.facebook.com/china.com.mm/
အမျိုးသမီးနှစ်ဦးက သူမတို့ကို ထရန့်က မဖွယ်မရာ ကိုင်တွယ် ခဲ့ကြောင်း ပြောကြား အမျိုးသမီးနှစ်ဦးက သူမတို့ကို ထရန့်က မဖွယ်မရာ ကိုင်တွယ် ခဲ့ကြောင်း ပြောကြား Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.