ယီမင်ကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘော တိုက်ခိုက်ခံရ


ဝါရှင်တန်၊ အောက်တိုဘာ-၁၀

အမေရိကန်စစ်တပ်၏ ပြောကြားချက်အရ ၄င်း၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောမှာ ယီမင်ကမ်းလွန်တွင် တိုက်ခိုက်ခံရမည့်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

“USS Mason ဟု ယီမင်ကမ်းလွန် ပင်လယ်နီထဲရှိနေချိန် မိနစ်၆၀အတွင်းမှာ ဒုံးကျည်နှစ်စင်းကို တွေ့ရှိခဲ့တယ်။ နှစ်စင်းလုံးက သင်္ဘောဆီမရာက်ခင် ရေပြန်ထဲကျသွားတယ်”ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန် ဂျက်ဖ် ဒေးဗစ်က တနင်္လာနေ့အစောပိုင်းက ပြောကြားခဲ့သည်။ “သဘောင်္ရော သင်္ဘောသားတွေပါ ထိခိုက်ဒဏ်ရာရမှုမရှိဘူး”ဟုလည်း ၄င်းက ထပ်လောင်းပြောကြားသည်။


ပင်လယ်နီဆိပ်ကမ်းမြို့ မိုခါအနီးတွင် ယူအေအီး စစ်သင်္ဘောတစ်စင်းကို ယီမင်တပ်ဖွဲ့များက အောင်မြင်စွာ ပစ်ခတ်ဖျက်စီးပြီးနောက် ရက်ပိုင်းအကြာတွင် ယခုသတင်းထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

အမေရိကန်လုပ် HSV -2 Swift မှာ မိုင်းများကို ရှာဖွေနိုင်၊ စစ်ဆင်ရေးများကို ထိန်းချုပ်နိုင်၊ တပ်သားနှင့် ကိရိယာများကို သယ်ပို့နိုင်သည့် မြန်နှုန်းမြင့် သင်္ဘောတစ်စင်းပင်ဖြစ်သည်။ ထိုစဉ်က စစ်သင်္ဘောပေါ် လိုက်ပါလာသူ သင်္ဘောသား ၂၀ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ပင်တဂွန်က ယီမင်ကို စစ်ဆင်ရေးဆင်နွှဲနေသည့် ဆော်ဒီအာရေဗျအား သယ်ယူပို့ဆောင်ရေးနှင့် ထောက်လှမ်းရေးအချက်အလက်များ ထောက်ပံ့နေသည်။ ယီမင်မှာ ဆော်ဒီဘုရင့်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသော အိမ်နီးချင်းဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လမှစတင်ကာ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ယီမင်နိုင်ငံသား ၁၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

ဆော်ဒီက ၄င်း၏ မဟာမိတ်များနှင့် ညွှန့်ပေါင်းဖွဲ့ကာ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်နှိမ်နင်းပြီး ရီယာ့ဒ်အစိုးရ၏ မဟာမိတ်ဖြစ်သော ယီမင်သမ္မတ အဗ္ဗဒဲ ရက်ဘူ မန်ဆော ဟာဒီကို ပြန်လည်ခန့်ထားရန် ကြိုးစားနေသည်။

သြဂုတ်လက ကန်ဒေါ်လာ ၁.၁၅ဘ်ီလျံတန်ဖိုးရှိ အဗရမ် တင့်ကား၁၃၀ကျော်၊ လက်နက်တပ်ဆင် ကယ်ဆယ်ရေးယာဉ် ၂၀နှင့် အခြားကိရိယာများကို ဆော်ဒီအာရေဗျသို့ ရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူခဲ့သည်။

ဝါရှင်တန်မှာ ယီမင်တွင် လူသားအမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဆော်ဒီအစိုးရကို မကြာခဏ ဝေဖန်ခဲ့သော်လည်း ရီယာ့ဒ်အား ထောက်ခံမှုကိုမူ အဆုံးသတ်ဦးမည့်သဘော မရှိသေးပေ။

ပရပ်စ်တီဗီ
AM
china.com Myanmar
https://www.facebook.com/china.com.mm
ယီမင်ကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘော တိုက်ခိုက်ခံရ ယီမင်ကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘော တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.