စကားများရာမှ (၁၅) နှစ်အရွယ်ကလေးငယ်ကို ဓားဖြင့် အချက်များစွာထိုး


ရန်ကုန် အောက်တိုဘာ ၎

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်ရှိ စက်ဘီးနှင့် ဆိုက်ကားပြင်ဆိုင်တွင် အမျိုးသားတစ်ဦးက (၁၅)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့သဖြင့် ကလေးငယ်တစ်ဦး နေရာတွင်သေဆုံးသည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃ ရက်နေ့ နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ်(၆)၇ပ်ကွက်နေထိုင်သည့် ဦးဝင်းမြင့်သည် အင်းစိန်ဈေးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် သားဖြစ်သူ ဝေယံဝင်းမြင့်(၁၅)နှစ်အား ညွန့်စက်ဘီးနှင့် ဆိုက်ကားပြုပြင်ရေးတွင် အတူနေ၍ လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မောင်မောင်မြတ်(၂၀)နှစ် ကောက်လျဉ်လမ်း သင်္ကန်းကျွန်းမြို့နယ်နေသူက လုပ်ငန်းကိစ္စနှင့် ပတ်သက်၍စကားများရာမှ ဓားဖြင့်ထိုးသဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းပေးပို့မှုအရသိရှိရ၍ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှုသည့်အခါ စုစုပေါင်းရရှိဒဏ်ရာ ၁၂ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည် ။


 ထို့ကြောင့် ဦးဝင်းမြင့်က အရေးယူပေးနိုင်ရန် အမှုဖွင့်တိုင်ကြားသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ စခန်းမှူး ဒုစခန်းမှူး ဥာဏ်ဝင်းက လက်ခံစစ်ဆေးပြီး အမှုဖွင့်လှစ်ကာ တိမ်းရှောင်နေသူ မောင်မောင်မြတ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - Ko Phyo
မင်းထက်ပိုင် (လှိုင်သာယာ) /  ကြေးမုံသတင်းစာ


စကားများရာမှ (၁၅) နှစ်အရွယ်ကလေးငယ်ကို ဓားဖြင့် အချက်များစွာထိုး  စကားများရာမှ  (၁၅) နှစ်အရွယ်ကလေးငယ်ကို ဓားဖြင့် အချက်များစွာထိုး Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.