အရက်သောက်စားပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၃ စီးနှင့် ရဲကင်းတဲအား ၀င်တိုက်မိ ၂ ဦးသေဆုံး


၈.၁၀.၂၀၁၆ ရက်နေ့ နံနက်၎နာရီ အချိန်ခန့်တွင် စစ်ကိုင်း - မန္တလေး ရတနာပုံတံတား မန္တလေးဘက်အဆင်း ရဲကင်းနားတွင် ယာဉ်တိုက်မှုဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားရာ သံဝေဂဥာဏ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်၂စီး နာရေးယာဉ် ၁စီးဖြင့် သွားရောက် ကူညီကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ပါသည်။


ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားသမားလူငယ်မှာ အရက်သောက်စားပြီး ကားအား အရှိန်ပြင်းစွာ မောင်းလာ ကြောင်းသိရသည်။


အဆိုပါကားမှ စစ်ကိုင်းမြို့ ညောင်ကုန်းမှ ကုန်စိမ်းသည် မမွေးမွေး(သေဆုံး)နှင့် မရွှေစင်(သေဆုံး)တို့၏ ဆိုင်ကယ်အပါအ၀င် ဆိုင်ကယ် ၃စီးအား ဝင်တိုက်မိသည့်အပြင် ရတနာပုံရဲကင်းတဲအား ဝင်တိုက်ပြီး ရပ်သွားခဲ့ရာ လူနာ ၄ဦး သေဆုံး၂ဦးတို့ ဖြစ်ပါသည်။

သံဝေဂဥာဏ လူမှုကူညီရေးအသင်း
ရွှေကြက်ယက်
အရက်သောက်စားပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၃ စီးနှင့် ရဲကင်းတဲအား ၀င်တိုက်မိ ၂ ဦးသေဆုံး အရက်သောက်စားပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၃ စီးနှင့် ရဲကင်းတဲအား ၀င်တိုက်မိ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.