ရန်ကုန် အောက်တိုဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း တိုက်ကြီး ဘက် သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင် လာသည့် ကင်တာ(အငှား) မော်တော် ယာဉ်သည် တိုက်ကြီးမြို့နယ် တာခွကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၄၆/ဝ၂-ဝ၁)ကြား အရောက် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ယာဉ်မောင်း(စုံစမ်းဆဲ) မောင်း သည့် ခြောက်ဘီးဖွဲတင်ယာဉ် တို့သည် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက လမ်းအလယ်တွင် တိုက်မိခဲ့ ကြောင်း သိရသည်။
အဆိုပါ ခြောက်ဘီးယာဉ်ပေါ်ပါ အိုးစည်(၂၂နှစ်)တွင် ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။ လှမိုးသိန်း (၃ဝနှစ်)တွင်လည်း ဒဏ်ရာများရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံ၌ အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့သည်။
ဖြစ်စဉ်မှ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ကင်တာ(အငှား)မော်တော် ယာဉ်မောင်း (စုံစမ်းဆဲ)နှင့် ခြောက်ဘီးယာဉ် (စုံစမ်းဆဲ)တို့အား တိုက်ကြီး ရဲစခန်းတွင် အရေးယူထား ကြောင်း သိရသည်။
ထွန်းလှိုင်(မြိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အငှားယာဉ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
09:34
Rating:
