![]() |
တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံ |
သမ္မတရဲ့ အမှုဆောင် အရာရှိချုပ်၊ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး၊ နိုင်ငံရေးဆိုင်ရာဌာန၊ အရပ်ဘက်ရေးရာဌာနနဲ့ လူထုဆက်ဆံ ရေးဌာနတွေက အကြီးတန်း အတွင်းဝန်တွေရဲ့ နှုတ်ထွက်လွှာတွေကို သမ္မတ Park Geun-hye က လက်ခံလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရတဦးက ပြောပါတယ်။
သမ္မတ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ အဓိကပတ်သက်နေတဲ့ အမျိုးသမီးဟာလည်း ဒီကနေ့မှာပဲ ဂျာမနီကနေ တောင်ကိုရီးယားကို ပြန်သွားပါပြီ။
Choi Soon-sil ဟာ ဒီကနေ့မနက်အစောပိုင်းက ဆိုးလ်မြို့တော်ကို ပြန်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုမှာ စိတ်လိုလက်ရ ပါဝင်မှာ ဖြစ်ပြီးတော့ အချက်အလက်တွေနဲ့အညီ ထွက်ဆိုမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
အရေးကြီးတဲ့ နိုင်ငံ့ရေးရာကိစ္စတွေမှာ သမ္မတ Park Geun-hye က Choi ကို ၀င်စွက်ဖက်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တောင်ကိုရီယားအရှုပ်တော်ပုံ အကြီးတန်းအစိုးရအရာရှိတွေ နှုတ်ထွက်
Reviewed by THITHTOOLWIN
on
08:43
Rating:
