ချင်းတွင်းမြစ်အတွင်း ရေယာဉ်တိမ်းမှောက်

( အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်ရာမှ အသက်ရှင်ကျန်နေတဲ့ ခရီးသည်တချို့ကို အောက်တိုဘာလ ၁၅ ရက်နေ့က အထက်ကင်းရွာဘုန်းတော်ကြီးမှာ တွေ့ရစဉ် ) Photo: ဟိတသုခလူမှုကူညီရေးအသင်း/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၅ နာရီခန့်မှာ တိမ်းမှောက်ခဲ့ရာ လူဦးရေ ၁၅၀ ကျော်ကို ဆယ်ယူရရှိထားပြီး ၁၅၀ ခန့်က ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကယ်ဆယ်ထားတဲ့ ၁၅၀ ကျော်ထဲက ဒဏ်ရာရရှိသူ ၃၀ ကျော်ကို ကနီမြို့နယ် ကင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ကျန်တဲ့ ၁၀၀ ကျော်ကို အထက်ကင်းရွာဘုန်းတော်ကြီးမှာ နေရာချထားပေးတယ်လို့ ဟိတသုခလူမှုကူညီရေးအသင်း က ဦးသိန်းဇော် က ပြောပါတယ်။

ကနီမြို့နယ်၊ မိကျောင်းကွင်းကျေးရွာအနီးက ကျောက်ဆောင်ကို တိုက်မိတာကြောင့် ရေယာဉ် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ