တူရီနှစ်ယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား


ရန်ကုန်တိုင်း ဒေသကြီး ဒဂုံတောင်ပိုင်း ၇၀ ရပ်ကွက်မင်းခေါင်လမ်း အမှတ် (---) တွင် အောက်တိုဘာလ (၁၁)ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့် တွင် တူရီနှစ်ယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပတ်ဝန်ကျင်ပြောကြားချက်အရ မီးသွယ်တန်းထားသော သံပန်းမှဓာတ်ကြိုးပေါက်၍ ဦးလေးဖြစ်သူ ဦးဇော်ထွန်း ၃၄ နှစ် မှာ ဓာတ်လိုက်နေသဖြင့် တူရီမောင်ဝင်းကျော်နိုင် ၁၉ နှစ်မှ ဝင်ကူစဉ် နှစ်ယောင်စလုံးဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ သေဆုံးသူ ၂ ဦးအား ရွှေသန်လျင်နာရေးကူညီမှု့အသင်း (ဒဂုံ) မှ ရဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စံပြဆေးရုံကြီးသို့ ပို့ ဆောင်ကူညီပေးခဲ့ပါသည်။

ရွှေသန်လျင်နာရေးကူညီမှု့အသင်း (ဒဂုံ)
သံမဏိလိပ်ပြာ
တူရီနှစ်ယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား  တူရီနှစ်ယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:30 Rating: 5
Powered by Blogger.