ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင် ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်တာဖြစ်ပြီး မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက် ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်သာလန်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ နယ်သာလန်နိုင်ငံ က မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အကူအညီတွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်ကိစ္စ ဒေါ်အောင်ဆန်း စုကြည်ပြော
Reviewed by THITHTOOLWIN
on
15:36
Rating:
