မင်နီပိုးလစ် ပစ်ခတ်မှုတွင် ၃ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ


မင်နီပိုးလစ် ၊ အောက်တိုဘာ ၁

မိသားစုတွင်းသတ်ဖြတ်မှုတစ်ခုဖြစ်သည်ဟု ယူဆရသော မင်နီဆိုးတားပြည်နယ် ၊ မင်နီပိုးလစ်မြို့ ရှိ ပစ်ခတ်မှုတစ်ခုအတွင်း လူသုံးဦးသေဆုံး၍ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

သောကြာနေ့က နိုကိုမစ် ရေကန် အနီး အိမ်တန်းလျားတစ်ခုတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ယောက်ျားကြီးတစ်ဦးနှင့် ဆယ်ကျော်သက်ရွယ် ယောက်ျားလေးတစ်ဦး ၊ မိန်းကလေးတစ်ဦးသေဆုံးခဲ့ကြောင်း ရဲဌာနကပြောကြားခဲ့သည်။

ပစ်ခတ်မှုကြောင့် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သူမကို ဒဏ်ရာ အပြင်းအထန်ဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။

အာဏာပိုင်များက ဖြစ်စဉ်နှင့်ပါတ်သတ်၍ နောက်ထပ်အသေးစိတ်ထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးရေး စတင်ပြုလုပ်နေပြီဖြစ်ကြောင်းကို ပြောကြားခဲ့သည်။


ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကော်ရေးစက်မစ်က မိမိတို့အနေဖြင့် ခိုင်လုံသော သက်သေ အထောက်အထားမရှိဘဲ ဖြစ်စဉ်အပေါ်ပြောကြားလျှင် မမျှတရာရောက်လိမ့်မည်ဖြစ်ကြောင်း ၊ ပြောနိုင်သည့်အချက်မှာ မိမိတို့အနေဖြင့် သံသယရှိသူကို ရှာဖွေနေခြင်းမရှိကြောင်း ၊ အများပြည်သူ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုမရှိခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရဲဌာနမှတ်တမ်းများအရအခင်းဖြစ်ပွားရာနေရာတွင် အကြမ်းဖက်ရာဇ၀တ်မှုများတွေ့ရခဲကြောင်း နောက်ဆုံး အိမ်တွင်း လူသတ်မှုဖြစ်ပွားခဲ့သည်မှာ ၂၀၁၂ က ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူတွေက ဒီလိုဖြစ်ရပ်မျိုးကို စိတ်ကူးထဲတောင်ထည့်မတွေးခဲ့ဖူးဘူး ဟု နိုကိုမစ်ရေကန် ပါတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့သူ အသက် ၄၃ နှစ်အရွယ် ခရစ်စတင်းဘော့က ပြောကြားခဲ့သည်။ဒီကလူတော်တော်များများက ဘယ်ကိုမှ ရွေ့ပြောင်းနေလေ့မရှိကြဘူး ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး စင်တာက မတော်တဆကျည်ထွက်ခြင်း ၊ လူသတ်ခြင်း ၊ မိမိကိုယ်ကိုသတ်သေခြင်းစသော ကိစ္စရပ်များအပါအ၀င် သေနတ်များကြောင့် နှစ်စဉ် အမေရိကန်တွင် လူ ၃၃၀၀၀ သေဆုံးလျက်ရှိကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမြောက် ပြင်ဆင်ရေးသားချက်အရ သေနတ်များကို ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် အများပြည်သူ လုံခြုံရေးတစ်စုံတစ်ရာ တိုးတက်လာဖွယ်မရှိကြောင်းယူဆဆုံးဖြတ်ပြီး အမျိုးသားရိုင်ဖယ်အသင်း NRA အပါအ၀င်ရိုင်ဖယ် အခွင့်အရေးအဖွဲ့များနှင့်တကွ လက်နက်ကိုင်ဆောင်နိုင်သည့် အခွင့်အရေးကို ကာကွယ်ပေးထားသည်။ ။

ပရပ်စ်တီဗီ
ATO
china.com Myanmar
https://www.facebook.com/china.com.mm/
မင်နီပိုးလစ် ပစ်ခတ်မှုတွင် ၃ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ မင်နီပိုးလစ် ပစ်ခတ်မှုတွင် ၃ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.