ကထိန်သို့ သွားရာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ၅ဦးသေ၊ ၅ဦးဒဏ်ရာပြင်းထန်၊ ၂၅ဦးခန့် ဒဏ်ရာရ


၂၀၁၆ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့ နံနက် (၀၉း၀၀)အချိန် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးသွားလမ်း၊ မိုင်တိုင်အမှတ် ၁၆/၇နှင့် ၁၇မိုင်ကြား ခန့်မှန်း မပည(မြေပုံအညွှန်း)B253474)အရောက်တွင် ယာဉ်မောင်းကျော်စွာဦး ၊(သ)၃၅နှစ်၊ (ဘ) ဦးအေးဆောင် မောင်းနှင်လာသည့် 2H∕4392 ဒန်ဘာ၊ လိမ္မော်ရောင်ယာဉ်သည် ဆည်မြောင်းရပ်ကွက်၊ ငွေတောင်ကျေးရွာနေလူများနှင့် ဆည်မြောင်းဝန်ထမ်းများ လိုက်ပါလျှက် ဒေါတမကြီးအုပ်စု ၊ဒေါညေးခူဘုန်းကြီးကျောင်းကထိန်သို့ သွားရောက်စဉ် လမ်းအဆင်း၊ ကားဘရိတ်ပေါက်ပြီး ကားမှာ လမ်းဘေးချောက်ထဲသို့ ထိုးကျပြီး သစ်ပင်အားဝင်တိုက်ရာ ကားပက်လက်လန် တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းအပါအဝင် လိုက်ပါလာသူ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၁။ ကျော်စွာဦး ၃၅နှစ်၊ (ဘ)ဦးအေးဆောင် (ဦးခေါင်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ(၁)/ ဝဲဘက်ပေါင်ဖူးရောင်၊ ဒီးမော့ဆိုဆေးရုံ ၊အတွင်းလူနာ)
၂။ ဦးကျော်မြင့်အောင် ၃၈နှစ်၊ (ဘ)ဦးသိန်းကျော်အောင်၊ (မေးစေ့အောက် ပေါက်ပြဲ၊ ရင်ဘတ်နာကျင်၊ လွိုင်ကော်ဆေးရုံ ၊ အတွင်းလူနာ)
၃။ ဦးလှအောင် ၅၇နှစ်(ဘ) ဦးသိန်းမောင်၊ (ဝဲဘက်လက်ခုံဖူးရောင်၊ နဖူးပေါက်ပြဲ၊ နှုတ်ခမ်းကွဲ၊ လွိုင်ကော်ဆေးရုံ ၊အတွင်းလူနာ)
၎။ မအိအိစံ ၂၀နှစ်၊ (ဘ)ဦးလှမြင့် (ဝဲဘက်ဘက်ကောင်ကျိုး၊ ပခုံးရိုးကျိုး ၊အတွင်းလူနာ)
၅။ မောင်သော်ဇင်ဝင်း ၁၂နှစ်(ဘ) ဦးကိုဦး ညောင်ကုန်းကျေးရွာ (ဝဲယာလက်နှစ်ဖက်ဖူးရောင်၊ လွိုင်ကော်ဆေးရုံ၊ အတွင်းလူနာ)
၆။ မောင်စော်ဘွား ၁၁နှစ်(ဘ) ဦးမြင့်အောင် (လည်ပင်းနာကျင် ဖူးရောင်၊ လွိုင်ကော်ဆေးရုံ ၊အတွင်းလူနာ)
၇။ မောင်အောင်မြင့်မြတ် ၁၂နှစ်(ဘ) ဦးရဲဝင်းနိုင် (အောက်နှုတ်ခမ်းကွဲ၊ ဝဲဘက်လက်နာကျင်၊ ဒီးမော့ဆိုဆေးရုံ၊ အတွင်းလူနာ)
၈။ မောင်အောင်ထက်ကျော် ၁၀နှစ်(ဘ) ဦးရဲမြင့် (ဝဲဖက်ခြေဖမိုး ဖူးရောင်၊ ဒီးမော့ဆိုဆေးရုံ ၊ အတွင်းလူနာ)
၉။ မချောနန္ဒာဖြိုး ၁၂နှစ်( ဘ) ဦးကျော်စွာ (ဝဲဖက်လက်မောင်းဖူးရောင်၊ ဒီးမော့ဆိုဆေးရုံ၊ အတွင်းလူနာ)
၁၀။ ကောင်းမြတ်ကျော် ၁၃နှစ် (ဘ) ဦးရဲမြင့် (ဝဲဘက်လက်ကျိုး၊ ဝဲဘက်ပေါင်ဖူးရောင်၊ လွိုင်ကော်ဆေးရုံ၊ အတွင်းလူနာ)
၁၁။ မောင်စောထူထွန်း ၁၃နှစ်(ဘ) ဦးကျော်စိုးနိုင် (ဝဲဖက်ဒူးပေါက်ပြဲ၊ ဝဲပါးပွန်းပဲ့၊ ဒီးမော့ဆိုဆေးရုံ၊ အတွင်းလူနာ)
၁၂။ မောင်သန့်စင်ထွန်း ၁၂နှစ်(ဘ) ဦးကျော် ( နဖူးပေါက်ပြဲ၊ သတိမေ့၊ လွိုင်ကော်ဆေးရုံ၊ အတွင်းလူနာ)
၁၃။ မောင်မျိုးမင်းဖြိုး ၆နှစ်( ဘ) ဦးကျော်စွာဦး ( ပခုံးနှစ်ဖက်ပွန်းပဲ့၊ ညာနားထင်ပွန်းပဲ့၊ ဒီးမော့ဆိုဆေးရုံ၊ အတွင်းလူနာ)
၁၄။ အောင်မျိုးသန့် ၁၃နှစ် (ဘ)ဦးလှအောင်(သေဆုံး)
၁၅။ မစန္ဒာအောင် ၂၁နှစ် (ဘ) ဦးလှစိန်(သေဆုံး)
၁၆။ မဇင်သက်မောင် ၁၀နှစ် (သေဆုံး)
၁၇။ မောင်သေးကွေး ၇နှစ်(သေဆုံး)
၁၈။ မဝင်းဌေး ၅၀နှစ် (ဘ) ဦးသိန်းမောင် (သေဆုံး)
ယာဉ်တိမ်းမှောက်မှုတွင် လိုက်ပါလာသူများ ၅ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ဦးခန့်၊ ၅ဦးဒဏ်ရာပြင်းထန်ရရှိသည်။

 ဒီးမော့ဆိုဆေးရုံတွင် (၁၁)ဦး အတွင်းလူနာအဖြစ် ကုသလျှက်ရှိကာ ကျန်ဒဏ်ရာရရှိသူများမှာ လွိုင်ကော်ဆေးရုံကြီးတွင် ကုသလျှက် ရှိသဖြင့် လူနာစာရင်းကောက်ယူ (စီစစ်ဆဲ)ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ယာဉ်မောင်းတရာခံ ကျော်စွာဦး ၃၅နှစ်(ဘ) ဦးအေးဆောင် ၂/ ဒမဆ(နိုင်) ၁၃၆၃၆၅ ဆည်မြောင်းရပ်ကွက်အား ဒီးမော့ဆိုရဲစခန်း ယာဉ်ပ ၈/၂၀၁၆ ပုဒ်မ၃၃၇/၃၃၈ /၃၀၄-က ဖြင့်အမှုဖွင့်ပြီး စခန်းမှူးမှ စစ်ဆေးလျှက်ရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှ သတင်းရရှိသည်။

မူအက်စတာ
ဓာတ်ပုံ...Hser Gay (fb)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကထိန်သို့ သွားရာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ၅ဦးသေ၊ ၅ဦးဒဏ်ရာပြင်းထန်၊ ၂၅ဦးခန့် ဒဏ်ရာရ ကထိန်သို့ သွားရာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ၅ဦးသေ၊ ၅ဦးဒဏ်ရာပြင်းထန်၊ ၂၅ဦးခန့် ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.