![]() |
သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေ |
သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေ မှာ လက်နက်ကြီး နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွား နေကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောပါတယ်။
ရုရှ ဘက်က ၃ ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှု တွေကို ရပ်နား ပေးခဲ့ပေမယ့် လည်း ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ လုံခြုံရေး အာမခံမှု မရရှိတဲ့ အတွက် သူပုန် တွေ ထိန်းချုပ်ရာ ဒေသ က အရပ်သား တွေကို ကယ်တင် နိုင်ခဲ့ခြင်း မရှိဘူးလို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။
ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေမှာတော့ အတိုက်အခံ သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဆီးရီးယား အလက်ပိုမှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ရုရှ ပြန်လည် စတင်
Reviewed by THITHTOOLWIN
on
09:21
Rating:
