မီးသွေးရောင်း ပြန်လာသော ဆိုင်ကယ်တစ်စီး ချင်းတွင်းတံတားပေါ်တွင် မှောက်၍ မီးလောင်


မုံရွာ၊ အောက်တိုဘာ ၁၄။

မီးသွေးရောင်းပြန်လာသော ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှ လူငယ်တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်သည် မုံရွာမြို့ အလုံရပ်ကွက် ချင်းတွင်းတံတားအား ဖြတ်ကူးစဉ် တိမ်းမှောက်၍ မီးလောင်ခဲ့မှုတစ်ခု အောက်တိုဘာ ၁၄ရက်၊ နေ့လည် ၁ နာရီခန့်က ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်မီးလောင်ရာသို့ အလုံရဲကင်းစခန်းနှင့် အလုံ မီးသတ်စခန်းမှ သွားရောက်စစ်ဆေးရာ ၃ယ/----ဟန်ဆင်းအမျိုးအစား 125ဆိုင်ကယ်မှာ ဘက်ထ၇ီရှော့ ဖြစ်၍ ဆီပိုက်မှတဆင့် ဆီတိုင်ကီဆီသို့မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ခဲ့ရသည်ဟု သိရသည်။

"ဆိုင်ကယ်မှောက်ပြီး လူလည်း လမ်းပေါ်မှောက်သွားတယ်။ သူပြန်ထနိုင်တော့ ဆိုင်ကယ်က မီးတောက်ကို ကြည့်ပြီး ထပြေးတော့တာပဲ"ဟု ဆိုင်ကယ်မှောက်မှုအားတွေ့လိုက်ရသော မုံရွာမြို့ခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ဆိုင်ကယ်မှောက်သူမှာ တိမ်းရှောင်ထွက်ပြေးနေပြီး မုံရွာရဲစခန်းမှလည်း ပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားသည်။

ဟိန်းလင်းသန့်
ဓာတ်ပုံ-မိုးမင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
မီးသွေးရောင်း ပြန်လာသော ဆိုင်ကယ်တစ်စီး ချင်းတွင်းတံတားပေါ်တွင် မှောက်၍ မီးလောင်  မီးသွေးရောင်း ပြန်လာသော ဆိုင်ကယ်တစ်စီး ချင်းတွင်းတံတားပေါ်တွင် မှောက်၍ မီးလောင် Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.