![]() |
မယ်လ ဒုက္ခသည် စခန်းမှာ ကရင်တိုင်းရင်းသား ကလေးငယ်များ (ဓာတ်ပုံ- ရိုက်တာ) (Credit: Reuters) |
ကုလသမဂ္ဂ ဒုက္ခသည်များ အစီအစဉ်အရ ထိုင်းနိုင်ငံလို ဒုတိယ နိုင်ငံမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချဖို့ ကိစ္စကို ကိုရီးယားက အရင်နှစ်ကတည်းက သဘောတူခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဒုက္ခသည်တွေကို အခြေချပေးမယ့် ကိစ္စကို တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၃၀က သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အစိုးရက အရင်နှစ်တုန်းက မြန်မာနိုင်ငံသား ၂၂ ယောက်ကို ခေါ်ယူလက်ခံခဲ့ပြီး ဒီနှစ်မှာ အယောက် ၃၀ လက်ခံဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဂျပန်နဲ့ ကိုရီးယားနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို ပထမဆုံး လက်ခံတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
သြစတြေးလျနဲ့ အမေရိကန်၊ ဖင်လန် စတဲ့ နိုင်ငံတွေကတော့ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံက မြန်မာဒုက္ခသည် ထောင်နဲ့ချီကို နှစ်စဉ် လက်ခံနေတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာဒုက္ခသည်ကို ကိုရီးယား လက်ခံမယ်
Reviewed by THITHTOOLWIN
on
15:50
Rating:
