မောင်တောမြို့နယ် ကိုင်းကြီး၊ သရေကုန်ဘောင်မှ ရဲစခန်းရုပ်သွား၍ ရွာသားများ မောင်တော(၃) မိုင်သို့ ထွက်ပြေး
နိရဉ္စရာ၊ အောက်တိုဘာ ၁၂ (နေ့လယ် ၁ နာရီ မိနစ် ၂၀)
မောင်တောမြို့နယ် သရေကုန်ဘောင်နှင့် ကိုင်းကြီးကျေးရွာများမှ တိုင်းရင်းသား ကျေးရွာသားများသည် သရေကုန်းဘောင်တွင် တပ်စွဲထားသော ရဲကင်းစခန်းကို ရုပ်သွားရာမှ ယခု အခါ မောင်တော (၃) မိုင်သို့ ထွက်ပြေးလာကြကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ကားနှစ်စီးဖြင့် ထွက်ပြေးလာကြသူ ရွာသား အရေအတွက် လေးငါးဆယ်ရှိကြောင်း၊ အလယ်သံကျော်ဘက်မှ သေနတ်သံများကြား၍ ကြောက်ပြီး ထွက်ပြေးလာကြောင်း၊ ရွာတွင် ရှိနေသော ရဲသားများလည်း မရှိတော့သဖြင့် စိုးရိမ်ရရာမှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် သရေကုန်ဘောင်မှ (၃) မိုင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ဖုန်းဆက်ပြောကြားသည်
သရေကုန်ဘောင်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ကိုင်းကြီးတွင် အိမ်ခြေ ၇၀ ကျော်ရှိပြီး ရွာသားများ အားလုံးထွက်ပြေးရန် စီစဉ်နေကြပြီး ရွာတွင် အခြေအနေ ဆူဆူညံညံ ဖြစ်နေကြောင်း သူမက ပြောကြားသည်။
သက်ဆိုင်ရာမှ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
Narinjara
https://www.facebook.com/Narinjara

လက်ရှိ ကားနှစ်စီးဖြင့် ထွက်ပြေးလာကြသူ ရွာသား အရေအတွက် လေးငါးဆယ်ရှိကြောင်း၊ အလယ်သံကျော်ဘက်မှ သေနတ်သံများကြား၍ ကြောက်ပြီး ထွက်ပြေးလာကြောင်း၊ ရွာတွင် ရှိနေသော ရဲသားများလည်း မရှိတော့သဖြင့် စိုးရိမ်ရရာမှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် သရေကုန်ဘောင်မှ (၃) မိုင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ဖုန်းဆက်ပြောကြားသည်
သရေကုန်ဘောင်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ကိုင်းကြီးတွင် အိမ်ခြေ ၇၀ ကျော်ရှိပြီး ရွာသားများ အားလုံးထွက်ပြေးရန် စီစဉ်နေကြပြီး ရွာတွင် အခြေအနေ ဆူဆူညံညံ ဖြစ်နေကြောင်း သူမက ပြောကြားသည်။
သက်ဆိုင်ရာမှ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် ကိုင်းကြီး၊ သရေကုန်ဘောင်မှ ရဲစခန်းရုပ်သွား၍ ရွာသားများ မောင်တော(၃) မိုင်သို့ ထွက်ပြေး
Reviewed by THITHTOOLWIN
on
16:00
Rating:
