ဖိလစ်ပိုင်နှင့်အတူ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၌ ပူးပေါင်းဆောင်ရွက်လို ဟု တရုတ်ပြောကြား


ပေကျင်း ၊ ၁၆-၁၀-၂၀၁၆

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေ ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုအား ထောက်ခံကြောင်း နှင့် အဆိုပါကဏ္ဍ တွင် ဖိလစ်ပိုင်နှင့် အတူ အခိုင်အမာ ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂန်းရှောင် က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာန က ဖော်ပြ ထားသည်။

မူးယစ်ဆေးဝါး သည် လူသားများ အတွက် ဘုံရန်သူ ဖြစ်ကြောင်းနှင့် နိုင်ငံအားလုံး အနေဖြင့် မူးယစ်ဆေးဝါး ရာဇဝတ်မှုများ တိုက်ဖျက်ရေး အတွင်း တာဝန်ရှိကြောင်း ၄င်းက ပြောကြားသည်။ တရုတ်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ရာဇဝတ်မှု များအား အမြစ်ပြတ် ချေမှုန်းသွားရေး ကတိပြု ထားပြီး အဆိုပါ ရာဇဝတ်မှု များနှင့် ပတ်သက်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု များတွင်လည်း တက်တက် ကြွကြွ ပါဝင်  ဆောင်ရွက်နေ ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

နှစ်နိုင်ငံမှ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာနများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပတ်သက်သော ဆွေးနွေးမှု စတင်ပြုလုပ် လျက်ရှိပြီး ရလဒ်များအား မကြာမီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ဂန်းရှောင် က ထပ်လောင်း ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေ သည် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အား ဆောင်ရွက်လျက် ရှိပြီး အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူများ အတွက် ပြန်လည် ထူထောင်ရေး စင်တာများ ပိုမိုထားရှိ သွားရန် စီစဉ်နေကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဖိလစ်ပိုင်နှင့်အတူ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၌ ပူးပေါင်းဆောင်ရွက်လို ဟု တရုတ်ပြောကြား  ဖိလစ်ပိုင်နှင့်အတူ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၌ ပူးပေါင်းဆောင်ရွက်လို ဟု တရုတ်ပြောကြား Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.