နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ


နယူးဒေလီ အောက်တိုဘာ ၁၇

BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် အိန္ဒိယသမ္မတအိမ်တော် Rashtrapati Bhavan Guest house သို့ ရောက်ရှိကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.