နေပြည်တော် အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၀ါးပိတ်ကျေးရွာ အထွက် စိုက်ခင်းအတွင်း ၀ှက်ထားသော ၁၂ ဗို့ဆလိုက် အက်ရှင် သေနတ် ၁ လက်အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ လက်နက်မှာ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းများ အား အောက်တိုဘာ ၉ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ တိုက်ခိုက် စဉ် ၎င်းတို့နောက်သို့ ပါရှိသွား သော လက်နက်ဖြစ်ပြီး အဆိုပါ နေရာ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းမှ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဝါးပိတ်ကျေးရွာအနီး စိုက်ခင်းအတွင်းမှ သေနတ် ၁ လက်သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
21:03
Rating:
