ဒေါ်အောင်ဆန်းစုကြည် အရိုးအကြောဆိုင်ရာ စစ်ဆေးမှုခံယူ၊ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ပြောကြား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ အောက်တိုဘာ ၃ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့်တွေ့ဆုံ၍ အရိုးအကြောဆိုင်ရာ ဆေးစစ်မှုခံယူခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ကျန်းမာရေးစစ်ဆးမှုခံယူရာတွင် ဓါတ်ရောင်ခြည်အန္တရာယ်လုံးဝမရှိသည့် စွမ်းအားမြင့်သံလိုက်ဓါတ်အသုံးပြု ခေတ်မီ (3 Tesla MRI) ဖြင့် ခန္ဓာကိုယ်တွင်းရှိ နှလုံး၊ ဥနှောက်နှင့်အာရုံကြော၊ အရိုးအကြောအဆစ်နှင့်ရင်ခေါင်း ၀မ်းဗိုက်အတွင်းရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏အခြေအနေကို ပုံရိပ်ဖမ်းရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
“အစ်မ ကျန်းမာပါတယ်။ ထွက်သွားတာကြည့်ပါဦး။ သွက်လက်နေတာလေ။ MRI စစ်တယ်။ X-ray စစ်တယ်။ ကျီးပေါင်းရောဂါမရှိပါဘူး”ဟု အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒေါ်အောင်ဆန်းစုကြည် အရိုးအကြောဆိုင်ရာ စစ်ဆေးမှုခံယူ၊ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ပြောကြား
Reviewed by THITHTOOLWIN
on
13:44
Rating:
