အမြန်ရေယာဉ် နစ်မြုပ်မှု ရေယာဉ် ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ဆယ်ယူရရှိ ပစ္စည်း ပိုင်ရှင်များထံ အပ်နှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်


ကနီ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် (၀၅း၀၀) နာရီက နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ် အား အောက်တိုဘာ ၂၀ ရက်နေ့တွင် ရေယာဉ် တစ်စင်း လုံး ပေါ်အောင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရေယာဉ် ဆယ်ယူရေး လုပ်ငန်းများကို စစ်ကိုင်း တိုင်းဒေသကြီး၏ လမ်းညွှန်မှုနှင့် ဦးမျိုးဝင်း (မုံရွာ) ဦးဆောင်သော ဦးဘရွှေ ရေငုပ်အဖွဲ့၊ သင်္ဘောနှင့် ကရိန်းအဖွဲ့၊ မြတ်နိုးသူ Co.ltd သင်္ဘော၊ သူရိန်ကျော်စိုးဝင်း သဘောင်္နှင့် ကရိန်းအဖွဲ့က ရေယာဉ်ပေါ်လာရေး ကြိုးစား ဆောင်ရွက်မှုနှင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ က အောက်တိုဘာ ၂၀ ရက်နေ့တွင် ရုပ်အလောင်းများနှင့် ရေယာဉ်အတွင်းမှ ခရီးသည်းများ၏ ပစ္စည်း အထုပ်အပိုးများကို ဆယ်တင် ဆောင်ရွက် ခဲ့ကြသည်။ အောင်စိုးမိုးကျော် ရေယာဉ် တိမ်းမှောက်မှုတွင် ခရီးသည် ၁၅၉ ဦးကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နေ့တွင် ရုပ်အလောင်းများ ထပ်မံ ဆယ်ယူရရှိ၍ စုစုပေါင်း သေဆုံးသူ ရုပ်အလောင်း ၈၃ လောင်း ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ခရီးသည်များပါရှိသည့် ပစ္စည်းများကို သက်ဆိုင်ရာ တာဝန် ရှိသူများမှ ပစ္စည်း ပိုင်ရှင်များထံသို့ အမှန်တကယ် ရောက်ရှိနိုင်ရေး စနစ်တကျ ပြန်လည် ပေးအပ်နိုင်ရေးကို အလေးထား ဆောင်ရွက်လျက် ရှိပြီး ရုပ်အလောင်းများ တွေ့ရှိပြီး ပိုင်ရှင်ပေါ်သေးသော ရုပ်အလောင်းများကိုလည် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ သဂြိုလ်ခဲ့ကြကြောင်း သိရသည်။

ကနီမြို့နယ်၊ ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်ရေယာဉ် နစ်မြုပ်မှု ရေယာဉ် ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ဆယ်ယူရရှိ ပစ္စည်း ပိုင်ရှင်များထံ အပ်နှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်  အမြန်ရေယာဉ် နစ်မြုပ်မှု ရေယာဉ် ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ဆယ်ယူရရှိ ပစ္စည်း ပိုင်ရှင်များထံ အပ်နှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.