အထူးဒေသ ၄ မိုင်းလားဒေသ အတွင်း ဝ တပ်ဖွဲ့များ အင်အား ထပ်ဖြည့်


အောက်တိုဘာ ၅ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေ ၄ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်သည့် ဒေသ အတွင်း ဝ တပ်ဖွဲ့များက ၎င်းတို့ ဝင်ရောက်ထိန်းချုပ်ထားသည့် တပ်စခန်း များသို့ လူသူလက်နက်စားနပ်ရိက္ခာများ ထပ်မံ ပို့ဆောင်သည်ဟု ကြားသိရသည် ။

အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းက တရုတ်လုပ် စစ်ယာဉ် တုန်းဖိန်း ကားကြီး ၆ စီး၊ စစ်သည် ၁၅၀ ကျော် နှင့် အတူ လက်နက်ခဲယမ်း စားနပ် ရိက္ခာများအား ၎င်းတို့ ဝင်ရောက်ထိန်းချုပ်ထားသည့် လွယ်ဆမ် ဆုန် တောင်ေ ပ်ါတပ်စခန်း နှင့် လွယ်ကျူဆိုင်း တပ်စခန်းသို့ ထပ်မံပို့ဆောင်သည်ဟု မျက်မြင် များက ပြောသည်။

“ ၀ တပ်ဖွဲ့ တွေ တပ်ပြန်ဆုတ်အောင် မိုင်းလားဘက်က အလျှော့ပေးပြီး ဆက်ဆံနေတယ်။ ဒါပေမယ့် ၀ တပ်ဖွဲ့ကတော့ ဒီတပ်စခန်း နှစ်ခုကနေ တပ်ဆုတ်ဖို့ အလားအလာ မရှိဘူး။ အင်အားတွေ၊ လက်နက် တွေ ထပ်ဖြည့်နေတယ်။ အဓိက က စစ်ရေးပိုမိုတင်းမာလာရင် မိုင်းလားကနေ လမ်းကြောင်းတွေကို ပိတ် ဆို့လိုက်ရင် ခက်သွားမှာလေ။ ဒါပေမယ့် စစ်ရေး နဲ့ ဖြေရှင်းတဲ့ အဆင့် မရောက်အောင် မိုင်းလား ဘက်က ဝ ခေါင်းဆော င်ပေါက်ယူချမ်းနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်အောင် ကြိုးစားနေတယ်။ အခု ထက်ထိ တော့ တွေ့ခွင့်မရသေးဘူး” - ဟု မိုင်းလားဒေသရောက် စိုင်းအိုက်ပီ က ပြောပါသည်။

အမည်မဖေါ်လိုသည့် မိုင်းယန်း မိုင်းဖြန်ဒေသ တပ်မှူးတဦးကလည်း ၀ တပ်ဖွဲ့ သည် ကျိုင်းတုံ မိုင်းလား ကြားဒေသ တပ်စခန်းအပြင် မိုင်းယန်းမြို့နယ် ဆီ လူးဒေသ မိုင်းလားနယ်မြေအတွင်း ၁၀ မိုင်ထက်နည်း နယ်ကျွံဝင်ရောက်တပ် စခန်းချနေ သည်ဟုလည်း သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောသည်။

“အရင်တုန်းက ၀ နဲ့ ကျနော်တို့ ပူးတွဲ နေတဲ့ ကျနော်တို့နယ်ခြား ဂိတ် ခိုဆုန် မှာေ ကာ၊ အဲဒီကနေ ကျော်လွန်ပြီး ၁၀ မိုင်လောက်ရှိတယ်။ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး အသွားလမ်း ဝမ့်နောင် ဟုတ်ရွာထဲ တပ်ချပြီး ဂိတ်စခန်းဖွင့် ထားတယ်” - ဟု ပြောသည်။

ဝ နှင့် မိုင်းလား တပ်ဖွဲ့တို့သည် ဗမာပြည်ကွန်မြူနစ် ဗကပ လက်အောင်ခံ တပ်ဖွဲ့ဝင်ဟောင်း များဖြစ်ကြသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/NewsWatchJournal
အထူးဒေသ ၄ မိုင်းလားဒေသ အတွင်း ဝ တပ်ဖွဲ့များ အင်အား ထပ်ဖြည့် အထူးဒေသ ၄ မိုင်းလားဒေသ အတွင်း ဝ တပ်ဖွဲ့များ အင်အား ထပ်ဖြည့် Reviewed by THITHTOOLWIN on 06:40 Rating: 5
Powered by Blogger.