မောင်တောမြို့နယ် တောင်ပိုင်းမှ ထွက်ပြေး တိမ်းရှောင်လာသူများကို နေရပ်ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ပြီ
နိရဉ္စရာ၊ အောက်တိုဘာ ၂၀
မောင်တောမြို့နယ် တောင်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ရခိုင်တိုင်းရင်းသား ကျေးရွာသားများကို ယနေ့နံနက်က ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သတင်း ရရှိသည်။
“ စုစုပေါင်း လူအယောက် ၈၀ ခန့် ဖြစ်ပါတယ်။ သူတို့ကတော့ ဗောဓိကုန်း၊ ဦးဒေါင်း၊ မောရဝတီ သရေကုန်ဘောင်နဲ့ အလယ်သံကျော် စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်” ဟု မောင်တောသို့ ရောက်ရှိနေသည့် နိရဉ္စရာ သတင်းထောက် စံမောင်သန်းက ပြောသည်။
ရွာသာများကို ပြန်လည် ပို့ဆောင်ရာတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာမှ တာဝန်ရှိသူများ ပါဝင်ပြီး ကားများနှင့် လိုက်လံပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
“ မောင်မြို့နယ် တောင်ပိုင်းမှာ လုံခြုံရေး အခြေအနေကောင်းမွန်တဲ့ အတွက် ပြန်ပို့တာ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့ကတော့ ရခိုင်ပြည်နယ် ၀န်ကြီး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ချမ်းသာက ရွာတွေမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ချမယ့် အပြင် တပ်မတော်ကလည်း ကင်းလှည့်ပေးမယ်။ ကင်းစခန်းတွေလည်း တိုးချဲ့ချမယ်လို့ ပြောသွားပါတယ်” ဟု သူက ပြောသည်။
မိမိနေရပ် ကျေးရွာသို့ ပြန်သူများကို မေးကြည့်ရာတွင်လည်း သူတို့ သဘောနှင့် သူတို့ ပြန်ခြင်း ဖြစ်ကြောင်း၊ အဓိကမှာ စပါးစိုက်ခင်းများ၊ အိမ်တွင်ကျန်နေခဲ့သော နွား၊ ကျွဲ၊ ၀က်၊ ကြက်၊ဘဲ စသော အိမ်မွေးတိရစ္ဆာန်များ ပျောက်ပျက်ဆုံးရှုံးသွားမည်ကို အများက စိုးရိမ်ကြရာမှ လုံခြုံရေးလည်း ကောင်းမွန်သဖြင့် မိမိကျေးရွာများသို့ ပြန်ကြခြင်း ဖြစ်ကြောင်း စံမောင်သန်းက ပြောဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်ပြီး မောင်တောမြို့သို့ ရောက်ရှိနေထိုင်သူများကိုလည်း မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်နေ့တွက် ထပ်မံ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
(ယနေ့နံနက်က မောင်တောတောင်ပိုင်းမှ ရခိုင်ကျေးရွာသားများကို ပြန်လည်ပို့ဆောင်နေစဉ်)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် တောင်ပိုင်းမှ ထွက်ပြေး တိမ်းရှောင်လာသူများကို နေရပ်ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ပြီ
Reviewed by THITHTOOLWIN
on
17:08
Rating:
