မောင်တောမြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ အများစုမှ လုံခြုံရေး စိတ်မချရသေး၍ နေရပ် ကျေးရွာ မပြန်လိုကြသေးဟုဆို


နိရဉ္စရာ အောက်တိုဘာ ၂၀

မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများကို အာဏာပိုင် များက နေရပ်ပြန်ပို့ရန် စီစဉ်လျက်ရှိရာ ရွာသားများ အနေဖြင့် လုံခြုံရေး စိတ်ချမရသေး၍ အိမ်မပြန်လိုသေးကြောင်း ပြောကြားသည်။

လုံခြုံရေး စိတ်ချရပြီဆိုပြီဟုဆိုကာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း တိုင်းရင်းသား ကျေးရွာများမှ ထွက်ပြေးလာသူများကို ယနေ့ နံနက်က ပြန်လည် ပို့ဆောင်ပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းမှ ခိုလုံရန် ရောက်ရှိနေသော ရွာသားများကို ပြန်ပို့ဆောင်မည်ဟု အာဏာပိုင်များက ပြောကြားပြီးနောက်ေ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရွာသားများက မိမိတို့အနေဖြင့် လုံခြုံရေး စိတ်မချရသေး၍ မပြန်လိုကြောင်း ထုတ်ဖော်ပြောကြားလာကြခြင်း ဖြစ်သည်။

"ပစ်ခတ် တိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီရွာတွေဟာ ကျွန်မတို့ကျေးရွာ အနီးအနားက ကျေးရွာတွေမှာပါ။ အဲ့ဒီလို အန္တရာယ်များတဲ့နေရာကို ပြန်ရမယ်ဆိုရင် လုံခြုံရေးစိတ်ချရဖို့ လိုအပ်ပါတယ်"ဟု ဖားဝပ်ချောင်းကျေးရွာမှ ဒေါ်နီနီက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

ဖားဝပ်ချောင်းကျေးရွာတွင် အိမ်ခြေ ၁၀၄ ဆောင်ရှိရာမှ ရွာသား ၁၀၀ ကျော် တိမ်းရှောင်လာကြပြီး ယခုလက်ရှိတွင် အလိုတော်ပြည့် ကျောင်းတစ်ကျောင်းတည်းမှာပင် ရွာသား ၇၀ ခန့် ကျန်ရှိနေသေးသည်။

ယခုလက်ရှိတွင် ဖားဝပ်ချောင်းကျေးရွာ၌ နယ်ခြားစောင့်စခန်းတစ်ခု ရှိသော်လည်း အရေအတွက်နည်းကြောင်း နယ်ခြားစောင့် တပ်အင်အား တိုးချဲ့ဖို့လိုအပ်သလို တင်အင်အားပါ ဖြည့်တင်းဖို့လိုအပ်ကြောင်း ရေရှည်အတွက်ဆိုလျှင် လုံခြုံရေးသာမက စီးပွားရေးနှင့် ပညာရေးအတွက်ပါ ဖြည့်ဆည်းဖို့လိုအပ်သည်ဟု ဆိုသည်။

သို့သော် မောင်တောမြောက်ပိုင်း ပြားသားရွာမှ မိသားစု ၃ စုကမူ ပို့ပေးမည်ဆိုပါက အလျင်ဆုံး နေရပ်ပြန်လိုကြပြီဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မောင်တောမြို့ပေါ်တွင် မြောက်ပိုင်းကျေးရွာများ ဖြစ်ကြသည့် ငခူရ၊ ကြိမ်ချောင်း၊ ရွက်ညိုးတောင်၊ ဖားဝပ်ချောင်း၊ ရေမျက်တောင် စသည့် ကျေးရွာများမှ မိသားစုများ ခိုလုံလျက် ရှိနေကြောင်း သတင်းရရှိသည်။

စံမောင်သန်း မောင်တော
Narinjara
https://www.facebook.com/Narinjara
မောင်တောမြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ အများစုမှ လုံခြုံရေး စိတ်မချရသေး၍ နေရပ် ကျေးရွာ မပြန်လိုကြသေးဟုဆို  မောင်တောမြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ အများစုမှ လုံခြုံရေး စိတ်မချရသေး၍ နေရပ် ကျေးရွာ မပြန်လိုကြသေးဟုဆို Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.