အရက်သေစာသောက်စား မူးယစ်နေသူ ဖခင်အရင်းက သမီးနှစ်ဦးအား လည်လှီးသတ်ဖြတ်မှုဖြစ်ပွား


ကျောက်ပန်းတောင်း အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ညောင်ချိုင်း ကျေးရွာအုပ်စု ကင်ပွန်းခြုံကျေးရွာတွင် ယမန်နေ့ နံနက် ၅နာရီခန့်က ဖခင်အရင်းဖြစ်သူက သမီးနှစ်ဦးအား လည်ပင်းကိုထန်းလှီးဓားဖြင့်လှီး၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့မရဲစခန်း၏ အရှေ့ဘက် (၁၅) မိုင်ခန့်အကွာ ကင်ပွန်းခြုံကျေးရွာ၌ နံနက်၅ နာရီခန့်တွင်တရားလို ဖြစ်သူ ဦးဝင်းထိန်ကနေအိမ်တွင်အိပ်နေစဉ် တစ်ရွာတည်းနေသူ ဦးဝင်းကြိုင်က တရားလိုထံလာရောက်၍ ၄င်း၏အစ်ကိုဖြစ်သူလှဝင်းက ၄င်း၏သမီး များဖြစ်သော မဇင်မာနှင့်မကြည်နူးထွေးတို့နှစ်ဦးကို နေအိမ်တွင် လည်ပင်း အား ဓားဖြင့်လှီး၍ သတ်ပစ်လိုက်ကြောင်း ပြောခဲ့သည်။ အခင်းဖြစ်နေရာ သို့ တရားလိုမှ သွားရောက်ကြည့်ရှုခဲ့ရာ မဇင်မာနှင့်မကြည်နူးထွေးတို့မှာ နေအိမ်အပေါ်ထပ်တွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည် ကို တွေ့ရကြောင်းသိရသည်။

ထို့ပြင် ဖခင်ဖြစ်သူတရားခံ လှဝင်းတွင်လည်း၎င်း၏လည်ပင်း၌ ဓားဖြင့်လှီးထားသည်ကို မြင်တွေ့ရပြီး လှဝင်းအား မည်သည့်အတွက် ကြောင့် ထိုသို့လုပ်ဆောင်သည်ကိုမေးမြန်းရာ သမီးဖြစ်သူများက ထမင်းမ ကျွေးသဖြင့် သတ်ပစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

သမီးနှစ်ဦး အားသတ်ဖြတ်ခဲ့သူဖခင်လှဝင်း(၅၁နှစ်)မှာလည်း လည် ပင်းပြတ်ရှဒဏ်ရာငါးလက်မခန့်(စိုးရိမ်ရ) ရရှိထားသဖြင့် ကျောက်ပန်း တောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ ညောင်ဦး ခရိုင်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ထားရှိပြီး (ပ)၁၂၉/၁၆၊ ရာဇသတ်ကြီးပုဒ်မ၃ဝ၂ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)
The Union Daily
https://www.facebook.com/uniondaily.net
အရက်သေစာသောက်စား မူးယစ်နေသူ ဖခင်အရင်းက သမီးနှစ်ဦးအား လည်လှီးသတ်ဖြတ်မှုဖြစ်ပွား အရက်သေစာသောက်စား မူးယစ်နေသူ ဖခင်အရင်းက သမီးနှစ်ဦးအား လည်လှီးသတ်ဖြတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.