အလက်ပိုမှ သူပုန်များဆုတ်ခွာနိုင်ရန် ဆီးရီးယားစစ်တပ် နောက်ဆုတ်ပေး


ဒမတ်စကပ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ အရှေ့ပိုင်း မှ ဆီးရီးယားသူပုန်များ ဆုတ်ခွာသွားနိုင်ရန် ဆီးရီးယားစစ်တပ်က နောက်ဆုတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၁၉ က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်၌ ဝန်ကြီးဋ္ဌာန က ရုရှားက ကြေညာခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲမှုသဘောတူညီချက် ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆီးရီးယား စစ်တပ်များသည် အချို့သောဧရိယာများမှ ဆုတ်ခွာပေးခဲ့ပြီး ဆီးရီးယားသူပုန်များအနေဖြင့် အလက်ပိုမှ နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Idlib မြို့သို့ ဆုတ်ခွာနိုင်ရန် လမ်းနှစ်လမ်း ဖွင့်ပေးထားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား အစိုးရ နှင့် ရုရှားသည် အလက်ပိုမြို့ရှိ ဆီးရီးယား သူပုန်များအား မြို့မှ ထွက်ခွာသွားရန် မကြာသေးမီက တိုက်တွန်းခဲ့ပြီး ၄င်းတို့အတွက် ဘေးကင်းလုံခြုံသည့် လမ်းကြောင်းများလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။

China Xinhua News
အလက်ပိုမှ သူပုန်များဆုတ်ခွာနိုင်ရန် ဆီးရီးယားစစ်တပ် နောက်ဆုတ်ပေး အလက်ပိုမှ သူပုန်များဆုတ်ခွာနိုင်ရန် ဆီးရီးယားစစ်တပ် နောက်ဆုတ်ပေး Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.