နိရဉ္စရာ၊အောက်တိုဘာ ၉
မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်) တိုက်ခိုက်ခံခဲ့ရပြီးနောက် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရာ ကျီးကန်းပြင် အနီးရှိ ဝပိတ်ကျေးရွာ စခန်းမှ တပ်သား ငါးဦးကို သေဆုံးလျက်ရှိသည်ဟု သိရသည်။
နယ်ခြားစောင့်တပ်သားများမှာ ယမန်နေ့ညဥ့်ကတည်းက အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ အလောင်း ၅ လောင်းမှာ မောင်တောာမြို့နယ်ဆေးရုံသို့ ရောက်ရှိလာပြီဟု သိရသည်။
လက်ရှိ သတင်းအရ တပ်မတော်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး RSO အဖွဲ့နှင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆိုသည်။
မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်)တည်ရှိရာ အနီး ဝပိတ်ကျေးရွာတွင် လက်ရှိ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းအနီးအနားသို့ ရောက်နေသူ သတင်းထောက်များက ပြောကြားသည်။
“ ကျွန်တော်တို့သိသလောက်တော့ မနက်က စတိုက်ကတည်းက ဒီဝပိတ်က စတင်ပစ်ခတ်တိုက်တယ်။ အဲဒီကတည်းက ကျဆုံးခဲ့တယ်လို့ယူဆရတယ်။ ဒါပေမယ့် အခု နေမြေရှင်းလင်းရေးလုပ်နေရာမှာ လည်း ဒီဝပိတ်ဘင်္ဂလီရွာက ခုခံတိုက်ခိုက်မှုတွေရှိနေပါတယ်” ဟု ကိုအောင်က ဆိုသည်။
နေမြေရှင်းလင်းရေးလုပ်နေစဉ် ပစ်ခတ်မှုများရှိနေပြီး စုစုပေါင်း နယ်ခြားစောင့် ရဲတပ်သားကျဆုံးမှု ၁၀ ခန့် ရှိသွားပြီ ဖြစ်ကြောင်းသိရသည်။ RSO ဘက်က အကျအဆုံး မည်မျှရှိသည်ကို နယ်ခြားစောင့်တပ်ဖွဲ့က များမကြာမီ ထုတ်ပြန်မည်ဟု သိရသည်။
ရွှေရအောင် (တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ကျဆုံးခဲ့ရသည့် ဝပိတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး မောင်တောဆေးရုံသို့ရောက်ရှိ
Reviewed by THITHTOOLWIN
on
19:23
Rating:
