ရေသိုးဆည်တွင် လှေမှောက်ရာမှ (၃)ဦးသေဆုံး


ယနေ့ (၁၇.၁၀.၂၀၁၆)ရက်နေ့၊ နံနက် (၁၀)နာရီခန့်က ပဲခူးတိုင်း ဒေသကြီး အုတ်တွင်းမြိုနယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာအနီးရှိ ရေသိုးဆည်တွင် လှေ(၁)စီး တိမ်းမှောက်သွားခဲ့ရာ လူ(၃)ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ- ကြွယ်ဂံကျေးရွာနေ ကိုစိုးလင်း(၂၈)နှစ်၊ (ဘ)ဦးလှသန်း၊ ဇနီးဖြစ်သူ မဝင်းသီတာ(၃၂)နှစ်၊ (ဘ)ဦးကျော်သိန်း၊ သားဖြစ်သူ မောင်တုတ်ကြီး(၃)နှစ်တို့ပါဝင်သော မိသားစု(၃)ဦးသည် ခပေါင်းဆည် ရေလယ်ကျွန်းတွင် နေထိုင်သော ဦးလေးဖြစ်သူအား သွားရောက် ကန်တော့ရန်အတွက် လက်ပံခုံကျေးရွာနေ မဇာခြည်(၁၆)နှစ်၊ (ဘ)ဦးအောင်ခင်မှ လှေဖြင့် ပို့ဆောင်စဉ် လှေပေါ်ပါ မောင်တုတ်ကြီးသည် ကြာပန်းကို လှမ်းခူးလိုက်ရာ လှေမှာ တိမ်းမှောက်ခဲ့ပြီး မဇာခြည်မှာ ရေကူး၍ ကမ်းစပ်သို့ ရောက်ရှိလာခဲ့သော်လည်း ကျန်(၃)ဦးမှာ နစ်မြုပ်ပျောက်ဆုံးနေသဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရေငုပ်ကျွမ်းကျင်သူများ ပူးပေါင်းရှာဖွေရာ ညနေ(၄း၃၀)ခန့်မှာ ပျောက်ဆုံးနေသော အလောင်း(၃)လောင်းအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြည့်ဖြိုးအောင်
Than Htay
ရေသိုးဆည်တွင် လှေမှောက်ရာမှ (၃)ဦးသေဆုံး ရေသိုးဆည်တွင် လှေမှောက်ရာမှ (၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.