ထိုင်းမြောက်ပိုင်း မူးယစ်ရာဇာနဲ့ မိသားစုဝင်တွေကို မူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့ က ဖမ်းဆီး


၁၁-၁၀-၂၀၁၆

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ နယ်မယ့်အိုင်းခရိုင်အတွင်းက က နံမည်ကြီး မူးယစ်ရာဇာ" လောက်သာစယ့်လီ(တရုတ်နွယ်ဘွားထိုင်းတောင်ပေါ်သား)သားဖြစ်သူ ရွာသူကြီးဟောင်း ကိုမူးယစ် ချင်းမိုင်ခရိုင် ရဲမှူးး ဦးဆောင်ပြီးနိမ်နင်းရေး တပ်ဖွဲ့  ၀င် တွေ က သူတို့ နေ ထိုင်နေတဲ့ မယ့်အိုင်းခရိုင်အတွင်းမှာ ပိတ်ဆို့  ဖမ်းဆီးခဲ့ကြောင်းသိရ ပါတယ်။


ဆဲ့လီရဲ့ သားဖြစ်သူ ၀ိကျန်စယ့်လီ (ရွာသူကြီးဟောင်း) မိသားစုဝင်တွေ နဲ့  တပည့်တွေ စုစုပေါင်း (၁၄) ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံတွေနဲ့ အတူ ရေခဲ မူးယစ်ဆေး ကီလို ၂၀ ၊ ငွေသား ထိုင်းဘတ်ငွေ ၁၀
သန်းနဲ့  လက်နက်တွေပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


လောက်သာ ဟာ မူယစ်ဆေးဝါးမှု ၊ လူသတ်မှုတွေနဲ့  တရားရင်ဆိုင်နေရ သူ ဖြစ်ပြီး တရားရုံးကနေ အာမခံနဲ့  လွတ်ပေးထားသူဖြစ်ပါတယ်၊ မယ့်အိုင်းခရိုင်အတွင်းမှာ မတို့ မထိရဲတဲ့ သြဇာရှိ တရုတ်နွယ်ဖွား မူးယစ်ရာဇာ တစ်ဦးကို ခုလိုဖမ်းဆီးခဲ့တာဟာ ထိုင်းအစိုးရအနေနဲ့  မူးယစ်နိမ်နင်းရေးကို အမှန်တကယ်လုပ်ဆောင်နေတယ်ဆိုတာ လက်တွေ့ ပြခဲ့တာဖြစ်တယ်လို့  အကဲခတ်တွေက သုံးသပ် နေကြပါတယ်။

 chiangmainews
Social Action for Women - SAW
ထိုင်းမြောက်ပိုင်း မူးယစ်ရာဇာနဲ့ မိသားစုဝင်တွေကို မူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့ က ဖမ်းဆီး ထိုင်းမြောက်ပိုင်း မူးယစ်ရာဇာနဲ့ မိသားစုဝင်တွေကို မူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့ က ဖမ်းဆီး Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.