မန္တလေးမီးလောင်မှု စံပါယ်ဦးစတိုးနှင့် ဘော်ဒါဆောင်အပါအ၀င် နေအိမ် ၁၀ လုံးခန့်မီးလောင် ဆုံးရှုံး


 မန္တလေးတက္ကသိုလ်အနီး ဘောဒါဆောင်တွေအများအပြားတည်ရှိရာ ရပ်ကွက်တစ်ခုဖြစ်တဲ့ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ် ၃၈ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားမှာ ဒီနေ့အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့တာမှာ စံပါယ်ဦးစတိုးနှင့်ဘော်ဒါဆောင်အပါအ၀င် နေအိမ် ၁၀ လုံးခန့်မီးလောင်ခံလိုက်ရပါတယ်။


မီးလောင်မှုကို အဆင် ၃ သတ်မှတ်ပြီး မီးသတ်ယာဉ်အစီး ၅၀ ခန့်နဲ့ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။ မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး လူအသေအပျောက်မရှိဘူးလို့ လည်းသိရပါတယ်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm
မန္တလေးမီးလောင်မှု စံပါယ်ဦးစတိုးနှင့် ဘော်ဒါဆောင်အပါအ၀င် နေအိမ် ၁၀ လုံးခန့်မီးလောင် ဆုံးရှုံး  မန္တလေးမီးလောင်မှု စံပါယ်ဦးစတိုးနှင့် ဘော်ဒါဆောင်အပါအ၀င် နေအိမ် ၁၀ လုံးခန့်မီးလောင် ဆုံးရှုံး Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.