“၀” တပ်ဖွဲ့က ဒေါက်တာတင်မျိုးဝင်းထံ ပေးပို့ခဲ့သည့် ပြန်ကြားလွှာတွင် “၀” ပြည်နယ်ဟု သုံးနှုန်းထား

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သေနာပတိချုပ်နှင့် ၀ ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံ ပေးပို့ခဲ့သည့် ပြန်ကြားလွှာတွင် “၀”ပြည်နယ်ဟု သုံးနှုန်းရန် ပေးပို့ခဲ့ကြောင်း သိရသည်။

“၀” တပ်ဖွဲ့နှင့် မိုင်းလာအဖွဲ့များအကြားဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဒေါက်တာတင်မျိုးဝင်းက အောက်တိုဘာ ၁၈ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည့် မေတ္တာရပ်ခံအကြောင်းကြားစာအ ပေါ် အောက်တိုဘာ ၂၁ ရက်က ပြန်ကြားခဲ့ရာတွင် “၀” ပြည်နယ် ပြည်သူ့အစိုးရဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြန်ကြားစာတွင် “၀”ပြည်နယ်နှင့် ညီနောင်အဖွဲ့အစည်းဖြစ်သည့် အထူးဒေသ (၄) မိုင်းလားအဖွဲ့နှင့် ပတ်သက်၍ ပြသာနာကြီးထွားအောင် မချဲ့ထွင်ရန် အောက်ခြေတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း နှင့် နှစ်ဖက်အောက်ခြေတပ် ဖွဲ့ဝင်များ၏ ကွပ်ကဲရေးခေါင်းဆောင်များ၊ ထိရောက်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ ပြီး ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် အထင်လွဲမှားမှုများကို အထူးဒေသ (၄) နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမော့မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင်နှစ်ခုဖွဲ့၍ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။

ထွန်း(နေပြည်တော်)၊ နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/



“၀” တပ်ဖွဲ့က ဒေါက်တာတင်မျိုးဝင်းထံ ပေးပို့ခဲ့သည့် ပြန်ကြားလွှာတွင် “၀” ပြည်နယ်ဟု သုံးနှုန်းထား “၀” တပ်ဖွဲ့က ဒေါက်တာတင်မျိုးဝင်းထံ ပေးပို့ခဲ့သည့် ပြန်ကြားလွှာတွင် “၀” ပြည်နယ်ဟု သုံးနှုန်းထား Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.