အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ်စုဆောင်းခဲ့သည့် စစ်သည် ၄၈၃ ဦးကိုအရေးယူ


ရန်ကုန်၊ အောက်တိုဘာ ၃

အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ် မှားယွင်းစုဆောင်းခဲ့ကြသည့် အတွက် စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ရာ ၂၀၁၆ သြဂုတ်လအထိ အရာရှိ/အခြားအဆင့် ၄၈၃ ဦးရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်း ကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး(ဒုတိယနေ့)တွင် ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးရွှေရင်၏ ကလေးစစ်သား များ လျော့နည်းသွား သည့် အခြေအနေကိုသိရှိ လိုပါကြောင်း မေးခွန်းနှင့် ပက်သက် ၍ ၎င်းကအထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို လုံးဝစုဆောင်းခြင်းမပြုရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မှားယွင်းစုဆောင်းခဲ့သူများကိုလည်း စိစစ်၍ အမြန်ဆုံးထွက်ခွင့်ပြုရန်ဆိုတာကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း တပ်ပြအပ်ပါတယ်” ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိစစ်သည် ၈၁၀ ဦးအား တပ်မတော်မှ နှုက်ထုတ်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံ့ခဲ့ကြောင်းသိရသည်။

Written By ဆုမင်းကို
photo By Unicef
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ်စုဆောင်းခဲ့သည့် စစ်သည် ၄၈၃ ဦးကိုအရေးယူ အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ်စုဆောင်းခဲ့သည့် စစ်သည် ၄၈၃ ဦးကိုအရေးယူ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.