နေပြည်တော် အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စာကိုင်းကျေးရွာအတွင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ပိတ်ဆို့ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူများဖြစ်သည့် စာကိုင်းကျေးရွာနေ ဟာမီ တူဆောင်း(ဘ) အနူဟလာမ်နှင့် နိုတူလာမိန်(ဘ) ဆူတာနာမတ်တို့ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကလည်း သတင်းအရ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအတွင်း ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှင်းလင်း ရှာဖွေခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကျောင်းတောင်ရဲကင်း စခန်းနှင့် အင်းဒင်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေများအတွင်းသို့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ထပ်မံဝင်ရောက်မှုမရှိစေရေးအတွက် နတ်မြစ်အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများ က တိုက်ကင်းလှည့်လည်ဆောင်ရွက်စဉ် အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းကြား ရေလယ်ကျွန်းအနီး၌ တစ်ဖက်နိုင်ငံသို့ ရေကူးသွားနေသည့် မသင်္ကာဖွယ်ဘင်္ဂါလီလူမျိုး အမျိုးသားသုံးဦးကို တွေ့ရှိသဖြင့်ခေါ်ယူရာ ထွက်ပြေးရန် ကြိုးစားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မောင်တောမြို့နယ် လိပ်ရကျေးရွာ(အလယ်)နေ အာဘူးရှားမား (ဘ) အဒူလာလီ၊ အာလီဇော်ဟက်(ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ(ဘ) အာဆီဇော်ဟပ်တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး သုံးဦးအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အကြမ်းဖက်စီးနင်း တိုက်ခိုက်သူသုံးဦး ထပ်မံဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
11:43
Rating:
