နိရဉ္စရာ၊ အောက်တိုဘာ ၂၃ ရက်
ရခိုင်ပြည်နယ်မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းများ အားလုံးကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ မနက် ကျောင်းဖွင့်ရက်မှာ မြို့ပေါ်ရှိ ကျောင်းအားလုံးကျောင်းအားလုံးဖွင့်နိုင်အောင် စီစဉ် ထားပါတယ်။ လုံခြုံရေးအပြည့်အစုံနဲ့ မြို့ပေါ်က သွားလာရ လွယ်ကူတဲ့ နယ်က ကျောင်းအချို့ကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်မှ နိရဉ္စရာသို့ ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့က ကျီးကန်းပြင် ဌာနချုပ်၊ ငခူရ စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းသုံးခုလုံး တိုက်ခိုက်ခံရပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုမရှိသောကြောင့် မောင်တောမြို့နယ်ရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့သည်။
နယ်ရှိ မူလတန်းကျောင်းများကိုမူ လုံခြုံရေး အရ မနက်ဖြန်တွင် ဖွင့်လှစ်မည် မဟုတ်သော်လည်း အထက်တန်းကျောင်းများရှိ ဆယ်တန်းကျောင်းသား ကျောင်းသူများကို ပညာဆက်လက်လက် သင်ကြားနိုင်ရေး စီစဉ်နေကြောင်း သိရသည်။
မောင်တောမြို့နှင့် အလှမ်းဝေးသည့် အထက်တန်းကျောင်းများရှိ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတင်ကျပ်စွာဖြင့် ပညာသင်ကြားနိုင်အောင် ဆရာ ဆရာမများအနေဖြင့် စီစဉ် ဆောင်ရွက်နေကြောင်း၊ ကျောင်းချိန်အပါအ၀င် အသွားအလာအားလုံး ဆရာ/ဆရာမများအတွက် လုံခြုံရေး တင်းကျပ်ပေးရန်လိုအပ်ပြီး သက်ဆိုင်ရာများနှင့်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ပညာရေးမှူး ဦးခင်အောင်မှ ဆက်ပြောသည်။
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းအားလုံး အောက်တိုဘာ ၂၄ ရက် စဖွင့်မည်
Reviewed by THITHTOOLWIN
on
18:13
Rating:
