မိုးကြိုးပစ်၍ ကျောင်းသူတစ်ဦး အရေပြားများ မီးလောင်

မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်၍ ကျောင်းသူတစ်ဦး အရေပြားများ မီးလောင်မှု့ ထီးချိုင့်မြို့နယ်၌ ဖြစ်ပေါ်
ထီးချိုင့်မြို့ အောက်တိုဘာ ၂

၂၀၁၆ ခုနှစ် အောက်တိုဘာ၂ ရက် နံနက် ၆ နာရီက လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာပြီး မိုးကြိုး ပစ်ခတ်မှု့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် လေသာအုပ်စု အောင်သာကုန်းကျေးရွာ ရှိ ဦးဆန်းလှိုင် + ဒေါ်ခင်မာစန်း တို့ နေအိမ်ကို ထိမှန် ခဲ့ရာ အိမ်တိုင် ၃ လုံး အက်ကွဲပြီး သမီးဖြစ်သူမသဲစုလှိုင် အား မိုးကြိုးစက်ကွင်းကြောင့် ခန္ဓာကိုယ် အပေါ်ယံ အရေပြားများ မီးလောင်မှု့ဖြစ်ပွားခဲ့သဖြင့် (စိုးရိမ်စရာမရှိ ) အလယ်တော တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု့ ခံယူလျှက်ရှိပါကြောင်း သိရသည် ။

Iprd Hteegyaing
မိုးကြိုးပစ်၍ ကျောင်းသူတစ်ဦး အရေပြားများ မီးလောင် မိုးကြိုးပစ်၍ ကျောင်းသူတစ်ဦး အရေပြားများ မီးလောင် Reviewed by THITHTOOLWIN on 01:36 Rating: 5
Powered by Blogger.