![]() |
( ရိုးမမြန်မာ ဖန်ချိုခါး လက်ဖက်ထုပ်ကို တွေ့ရစဉ် )Photo: teasalad.com |
မြေပဲနဲ့ ဓာတ်မတည့်သူတွေ စားမိရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အတွက် ပြန်သိမ်းယူတာဖြစ်ပြီး ၂၀၁၈ ဇွန် ၁၅ ရက်မှာ သက်တမ်းကုန်မယ်လို့ ၇ အောင်စ၀င် ရိုးမချဉ်စပ် လက်ဖက်ဘူးမှာ တံဆိပ်ရိုက်ထားတယ်လို့ ဆိုပါတယ်။ ခုထိတော့ ဒီလက်ဖက်စားလို့ နာမကျန်းဖြစ်ရတယ်ဆိုတဲ့ သတင်းတော့ မရရှိသေးပါဘူး။
ရိုးမကုမ္ပဏီဟာ နိုင်ငံတဝန်းက လက်လီဆိုင်တွေကို လက်ဖက်ဘူးတွေ ဖြန့်နေပြီး အမှာလာရင် စာတိုက်ကပေးပို့ ရောင်းချနေပါတယ်။
နယူးယောက်မြို့ အစားအစာ အန္တရာယ် ကင်း-မကင်း စုံစမ်းရေးအဖွဲ့က အစားအစာနမူနာကို ပုံမှန်စစ်ဆေးချိန်မှာ မြေပဲပါတာ မဖော်ပြတာကို တွေ့ရှိရတာပါ။
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာလက်ဖက် အမေရိကန် ပိတ်ပင်
Reviewed by THITHTOOLWIN
on
11:24
Rating:
