နိရဉ္ဇရာ၊ အောက်တိုဘာ ၂၁ ရက်
ရခိုင်ပြည်နယ် ကျောက်ဖြူ - ရန်ကုန်ကားလမ်းရှိ စနဲပေါက်တံတား လမ်းအလယ်တွင် ကွန်ကရစ်ပေါက်ကာ ပျက်စီးနေသဖြင့် လမ်းသွားလမ်းလာ ကားများအတွက် အန္တရာယ် ရှိနေကြောင်း သတင်းရရှိသည်။
“ ကျွန်တော်တို့ ဒီတံတားလုပ်နေတာတော့ အသွားအလာတွေမှာမြင်နေရတယ်။ ဒါပေမယ့် တံတားအလယ်မှာ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်နေတာကို တွေ့ရတယ်။ ဒီအပေါက်ကို သေချာမပြင်ရန် အန္တရာယ် ဖြစ်နိုင်ပါတယ်” ဟု စနဲမြို့နယ်မှ ဒေသခံ ဦးမောင်လှဝင်းမှ နိရဉ္ဇရာသို့ပြောသည်။
စနဲပေါက်တံတားမှာ ရန်ကုန် ကျောက်ဖြူ ကုန်တင်ယာဉ်များ ခရီးသည်တင်ယာဉ်များ အားလုံးအတွက် အရေးပါသည့် တံတားတစ်ခုလည်းဖြစ်သည်။
ကုန်တင်ကားယာဉ်မောင်းတစ်ဦးမှလည်း “ကျွန်တော်ဒီလမ်းကို မသွားဖြစ်တာ တစ်ပတ်လောက်တော့ ရှိပါပြီး။ ဒီနေ့ရန်ကုန်က ဆင်းလာတဲ့အချိန်မှ အပေါက်ကြီးဖြစ်နေတာကို မြင်ခဲ့ရတယ်။ ကားကို ညာဘက်ကို ကပ်ပြီး မောင်းလာရတယ်။ အန္တရယ် မဖြစ်ခင် အချိန်မီ ပြင်သင့်ပါတယ် ” ဟု ပြောသည်။
ရွှေရအောင်(တောင်ကုတ်)
ဓာတ်ပုံ Zeya Kyaw facebook
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူ--ရန်ကုန်ကားလမ်းပေါ်ရှိ စနဲပေါက်တံတား သွားလာရန် အန္တရာယ်ရှိနေ
Reviewed by THITHTOOLWIN
on
19:02
Rating: