မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရ


မန္တလေး၊ အောက်တိုဘာ ၄။

မန္တလေးမြို့တွင် ရိုက်ကူးလျှက်ရှိသည့် "နှလုံးသွေးနဲ့ရေးတဲ့ ကဗ္ဗည်း"ဇာတ်ကားမှ မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရသည့်အတွက် အောက်တိုဘာလ (၄) ရက်နေ့က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည် ။

ယင်း"နှလုံးသွေးနဲ့ရေးတဲ့ ကဗ္ဗည်း"ဇာတ်ကားအား မင်းသားမင်းရာဇာနှင့် မင်းသမီး စိုးနန္ဒာကျော် တို့ဖြင့်ရိုက်ကူးလျှက်ရှိရာ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းအနီးရှိ လယ်ကွင်းအတွင်း ရိုက်ကူးမှုများ ပြုလုပ်စဉ် မြွေကိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

"ဇာတ်ကားထဲမှာ မင်းသမီးပိုးထိလို့ ကျွန်တော်က အဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်ပေးပြီး သေသွားမယ့်အခန်းကိုရိုက်ရမှာဖြစ်တယ် ။လယ်ကွင်းထဲမှာ လမ်းလျောက်နေရင်း မင်းသမီးပိုးမထိပဲ ကျွန်တော်တကယ်ထိသွားတာပါ"ဟု သရုပ်ဆောင်မင်းသားမင်းရာဇာက ပြောသည်။

သရုပ်ဆောင် မင်းရာဇာ၏ ဘယ်ဘက်ခြေသလုံးကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြွေကိုက်ခံခဲ့ရပြီး စိုးရိမ်ရခြင်းမရှိသော်လည်း နှစ်နာရီခြားတစ်ခါ သွေးစစ်ခြင်း နှင့် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရ မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရ Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.