မောင်တောတွင် ဒေသန္တရ ရဲဖွဲ့စည်းပေးမည်


မောင်တော ၊ အောက်တိုဘာ ၂၉

အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မိမိဒေသကို ကာကွယ်လိုသော တိုင်းရင်းသား လူငယ်များကို ဒေသန္တရရဲတပ်ဖွဲ့ဝင်များ အဖြစ် ဖွဲ့စည်းတာဝန်ပေးသွားမည် ဖြစ်ကြောင်း အမှတ်( ၁ )နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

အောက်တိုဘာလ ၂၇ ၊ ၂၈ ၊ ၂၉ ရက်နေ့ ၀န်ကြီးချုပ်ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်နယ်ခြားစောင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်တို့ သည် မောင်တောမြို့နယ်အတွင်း ကျီးကန်ပြင်ဌာနချုပ် ၊ ငခူရ ၊တောင်ပြိုလက်ဝဲ ၊ ကြိမ်ချောင်း ၊ ဖားဝပ်ချောင်း ၊ မောရ၀တီ စသည့် ဒေသများသို့သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောတွင် ဒေသန္တရ ရဲဖွဲ့စည်းပေးမည် မောင်တောတွင် ဒေသန္တရ ရဲဖွဲ့စည်းပေးမည် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.