အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ရှိ Rahim Yar Khan ခရိုင်တွင် အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းက ဘတ်စ်ကားနှစ်စီး တိုက်မိ၍ လူ ၂၇ဦးထက်မနည်းသေဆုံးကာ အခြားလူ ၅၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ခရိုင်ညှိနှိုင်းရေးအရာရှိ Zafar Iqbal က Rahim Yar Khan ခရိုင် Rahim Yar Khan နယ်မြေတွင် ဆန့်ကျင်ဘက် လမ်းကြောင်းမှ အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းတာဝန်ရှိသူက “အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ဘတ်စ်ကားတစ်စီးဟာ တစ်ဖက်ယာဉ်ကြောက အရှိန်နဲ့လာနေတဲ့ ဘတ်စ်ကားကို မတွေ့ဘဲ ရှေ့က ထရပ်ကားကို ကျော်တက်လိုက်တဲ့အတွက် အခုဆို ခေါင်းချင်းဆိုင် တိုက်မိခဲ့တာပါ” ဟုပြောကြားခဲ့သည်။
တာဝန်ရှိသူ၏ပြောကြားချက်အရ အနည်းဆုံး ဒဏ်ရာရရှိသူ ၁၅ဦးသည် အခြေအနေဆိုးရွားနေ၍ သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
China Xinhua News
ပါကစ္စတန်တွင် ဘတ်စ်ကားနှစ်စီးတိုက်မှုကြောင့် ၂၇ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:04
Rating:
