![]() |
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြုတော် တွင် တွေ့ဆုံခဲ့စဉ်။ |
အဲဒီအရေးပေါ်ဥပဒေကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ Freedom and Democracy Act လို့ခေါ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ JADE Act လို့ခေါ်တဲ့ စစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုတွေကြောင့် ချမှတ်ထားတဲ့ အက်ဥပဒေတွေအရ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပျက်ပြားသွားမှာဖြစ်ပါတယ်။
JADE Act ထဲမှာပါဝင်တဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရ သိသိသာသာ ထောက်ပံ့မှုပေးနေသူတွေအပေါ် ထားရှိတဲ့ ပြည်ဝင်ခွင့် တားမြစ်ချက်တွေကတော့ ဆက်ပြီး ရှိနေဦးမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် အကူအညီပေးတာ အပါအဝင် နိုင်ငံခြားထောက်ပံ့မှုတွေအပေါ် ကန့်သတ်ချက်တွေလည်း ဆက်ပြီးရှိဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ အရေးပေါ် ဥပဒေကို အမေရိကန်က ၁၉၉၇ ခုနှစ်တုန်းက နဝတစစ်အစိုးရလက်ထက်မှာ စတင်ထုတ်ပြန်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး နှစ်စဉ် သက်တမ်းတိုးလာခဲ့တာဖြစ်ပါတယ်။
၂၀၁၅ နိုဝင်ဘာလလရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ အခြေခံ လူ့အခွင့်အရေးတွေကို မြင်တွေ့လာရပြီဖြစ်လို့ သမ္မတ အိုဘားမားက ခုလို အရေးပေါ် အက်ဥပဒေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလိုသမ္မတလက်မှတ်ထိုးပြီး ဖျက်သိမ်းခဲ့တဲ့ ဥပဒေဆုံးဖြတ်ချက် အကြောင်းကြားစာကို လွှတ်တော် ၂ ရပ်ကိုလဲ ပေးပို့ခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးအပြီး အရေးပေါ် အက်ဥပဒေကို ရုပ်သိမ်းပေးဖို့ သမ္မတအိုဘားမားက ကြေညာခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်မှု သမ္မတ အိုဘားမား ရုပ်သိမ်း
Reviewed by THITHTOOLWIN
on
02:13
Rating:
