ဘောလယ်​ကျွန်းအနီး တောဆင်ရိုင်း တစ်ကောင် ရောက်ရှိနေ


(၂၁-၁၀-၁၆) ရက်နေ့ (၁၄:၃၀) အချိန်ခန့်တွင် ​တောဆင်ရိုင်းတစ်ကောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ဘက်မှ တဆင့် လှိုင်မြစ်ကို ဖြတ်​ကူးပြီး ​ဘောလယ်​ကျွန်းအတွင်းရှိ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု တိုက်စုကျေးရွာအနီး လယ်ကွင်းသို့ ရောက်ရှိလာခဲ့သဖြင့် ပြည်သူတွေ အသက်အန္တရယ်မဖြစ်စေရေးအတွက် တော်လတဲ့ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြိုင်ဟေဝန်ဆင်ထိန်းစခန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ နှင့် ​ဒေသခံပြည်သူတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသဖြင့် ဘောလယ်​ကျွန်းအတွင်းရှိ ပြည်​သူအ​ပေါင်းအ​နေဖြင့် ဘောလယ်​ကျွန်းအတွင်း သတိဖြင့် သွားလာကြပါရန်​ အသိပေး တင်ပြအပ်ပါသည်။

Source..တော်​လတဲ့ စခန်းမှူး
မဟာ မာဃလုလင် လူမှု့ ကူညီရေးအသင်း



ဘောလယ်​ကျွန်းအနီး တောဆင်ရိုင်း တစ်ကောင် ရောက်ရှိနေ  ​ဘောလယ်​ကျွန်းအနီး တောဆင်ရိုင်း တစ်ကောင် ရောက်ရှိနေ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.