ဘင်္ဂါလီ(၃)ဦးအား ထောင်ဒဏ်(၂)နှစ်စီချမှတ်


၂၁-၁၀-၂၀၁၆

(၁၅-၁၀-၂၀၁၆)ရက်နေ့(၁၄၃၀)အချိန် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်၊ စန်းပွင့်လမ်းထိပ် တွင် ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုးများဖြစ်သည့် နူရူလာမိန်နှင့် ဟာဇော်ရော်ရှိတ်တို့(၂)ဦးအားမြိတ်မြို့ နယ်တရားရုံးသို့တရားစွဲတင်ထားရှိရာ(၂၀-၁၀-၂၀၁၆)ရက်နေ့တွင် မြိတ်မြို့နယ်တရားရုံးမှ ၄င်းတရားခံ(၂)ဦး အား ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်(၂)နှစ် စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။


ထို့အတူ(၁၆-၁၀-၂၀၁၆)ရက်နေ့(၁၄၃၀)အချိန် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ရွာဟောင်း ဆီအုန်းခြံတွင် ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုးဖြစ်သည့် လာရှီ(ခ)ဇော်ဝင်း အားမြိတ်မြို့နယ်တရားရုံးသို့ တရား စွဲတင်ထားရှိရာ(၂၀-၁၀-၂၀၁၆)ရက်နေ့တွင်မြိတ်မြို့ နယ် တရားရုံးမှ ၄င်းတရားခံအား ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်(၂)နှစ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်းသိရှိရပါသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
ဘင်္ဂါလီ(၃)ဦးအား ထောင်ဒဏ်(၂)နှစ်စီချမှတ်  ဘင်္ဂါလီ(၃)ဦးအား ထောင်ဒဏ်(၂)နှစ်စီချမှတ် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.