အရည်အသွေးနိမ့် သောက်ရေသန့် ထုတ်လုပ်ရောင်းချမှု များကို ဈေးကွက်အတွင်း ရှာဖွေဖော်ထုတ်၍ ဥပဒေအရ အရေးယူမည်
ရန်ကုန် ၊ ၂၄-၁၀-၂၀၁၆
အရည်အသွေးနိမ့် သောက်ရေသန့် ထုတ်လုပ် ရောင်းချမှုများကို ဈေးကွက်အတွင်း ရှာဖွေ ဖော်ထုတ်၍ အမျိုးသား အစားအသောက် ဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနမှ သိရသည်။
အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA အနေဖြင့် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် များကို လုပ်ထုံး လုပ်နည်း များနှင့်အညီ စိစစ်၍ အမြန်ဆုံးထုတ် ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ယခုအခါဈေးကွက်အတွင်း အရည်အသွေး အာမခံချက် မရှိဘဲ ထုတ်လုပ် ရောင်းချနေသော သောက်ရေသန့် လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ် များသို့ ညွှန်ကြားချက် ထုတ်ပြန်ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သောက်ရေသန့် လုပ်ငန်းရှင် များသည် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိပြီး သက်တမ်း ရှိမှသာ ထုတ်လုပ်ရောင်းချ ရန်နှင့် လုပ်ငန်းသစ် ထောက်ခံချက် လျှောက်ထားဆဲ ကာလအတွင်း
ရောင်းချခြင်း မပြုရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတိပေး ထားကာ သတိပေးချက်ကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ထုတ်လုပ်သည့် နေရာအထိ စစ်ဆေးဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်သည်။
FDA အနေဖြင့် ၂ဝ၁၅ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းပုံအသစ် ရေးဆွဲပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက် ထုတ်လုပ် ရောင်းချသူများအား လိုက်လံ စစ်ဆေးသည့် အပိုင်းကို ပိုမိုဆောင်ရွက် သွားရန် အစီအစဉ်ချမှတ်ထားကာ အစားအသောက် များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ် ရောင်းချရန် အတွက် လုပ်ငန်းရှင် များအား အသိ ပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)
The Myawady Daily
https://www.facebook.com/TheMyawadyDaily
အရည်အသွေးနိမ့် သောက်ရေသန့် ထုတ်လုပ်ရောင်းချမှု များကို ဈေးကွက်အတွင်း ရှာဖွေဖော်ထုတ်၍ ဥပဒေအရ အရေးယူမည်
Reviewed by THITHTOOLWIN
on
15:56
Rating:
