အစိုးရတပ်မတော် ဂိတ်စောင့် စစ်သား ပစ်ခတ်မှုကြောင့် မိုင်းရှူးဒေသခံ တဦးသေဆုံး


အောက်တိုဘာလ ၂၆ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် မိုင်းရှူးမြို့အထွက် တန့်ယန်းမြို့ အသွားလမ်းတွင် အစိုးရတပ်မတော် မှ ဂိတ်ထောင် ကာ ဒေသခံများ သွားလာမှုအား စောင့်ဆိုင်းစစ်ဆေးစဉ် ဆိုင်ကယ်စီး လာသည့် မိုင်းရှူးဒေသခံ တဦးအား စစ်ဆေးရန် ဟန့်တားစဉ် ဆိုင်ကယ် ရပ်မပေး သည့် အတွက် ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံး သွားသည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီ ခွဲ အချိန်ခန့်တွင် ဦးဝဏ္ဏ ၊ နိုင်းဆွယ့်နန်းတို့၏ သား စိုင်းဆု အသက် ၄၀ သည် မိုင်းရှူးမြို့မှ မိမိနေထိုင်ရာ ပန်ဇွဲကျေးရွာအုပ်စု ခိုစုံရွာသို့ ပြန်စဉ် ရပ်ကွက် ၄ အထွက် ကောင်းမူး နန်းကောဝ်ဟန့်စေတီကုန်းအနီး ဂိတ်ချ စစ်ဆေးသည့် တပ်မတော်စစ်ကြောင်း က ပစ်ခတ်သဖြင့် သေ ဆုံးသွားသည်ဟု မိုင်းရှူးမြို့နယ် သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ - ၃ နန်းကောင်ခမ်း က သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောသည်။

“ကောင်းမူးနန်းကောဝ်ဟန့်(စေတီကုန်း) နားမှာ စစ်သားတွေ၊ ရဲတွေက ဂိတ်ေ ထာင်စစ်ဆေးတယ်။ ခိုစုံရွာသား စိုင်းဆုက ဆိုင်ကယ် စီးလာတယ်။ ရဲက တားတာမရပ်လို့ ဆိုပြီး စစ်သားက မိုးပေါ် ထောင် ပစ်တာတာတဲ့။ တမင်သက် သက်ပစ်တာမဟုတ်ဘူး။ ဖြစ်ချင်တော့ နားထင်ကို ထိမှန်ပြီး သေသွားတာ တဲ့။ ဓါတ်ပုံရိုက်ဖို့မပြောနဲ့။ အနားတောင်ကပ်ကြည့်လို့မရဘူး အဝေးကနေ ဘဲ။ ဆေးရုံရောက်လဲ ဒီအတိုင်းဘဲ။ စရဖ တွေ ၊ ရဲတွေက ပေးမဝင်ဘူး။ ကျမ က လူထု အတွက် အလုပ်လုပ်နေတဲ့ ပါတီရဲ့ ဉက္ကဌ ပါလို့ပြောလဲမရဘူးတဲ့။ အမျိုးတွေဘဲ ကြည့်လို့ရမယ်ဆိုပြီး ပေးမဝင်ဘူး ။ နောက်ပြီး အလောင်း ကိုလည်း ထားခွင့်မပေး ဘူး ဆိုပြီး ဒီနေ့ဘဲ အတင်းမြုပ်ခိုင်းနေတယ်” - ဟု နန်းကောင်ခမ်း က ပြောသည်။


စိုင်းဆု သည် မည်သည့်အဖွဲ့အစည်း၏အဖွဲ့ဝင်မျှမဟုတ်ဘဲ သာမာန်ရွာသား တဦး ဖြစ်ကြောင်း၊ ကျေးရွာအကြီးအကဲ တာဝန်လည်းထမ်းဆောင် ဖူးသူ တဦးဖြစ်ကြောင်း၊ နောက်ပိုင်း စိတ်ပိုင်း ဆိုင်ရာ ရောဂေါကြောင့် အလုပ် တာဝန်မှ ရပ်နားကြောင်း၊ မိခင် ၊ ဖခင် မရှိတော့ကြောင်း၊ လက်ရှိတွင် ဇနီး နှင့် သားစိုင်းဆွဲလွတ်(၂၀ နှစ်)၊ သမီး နန်းခမ်းယုံ (၁၈ နှစ်) တို့ကျန်ရစ်ကြောင်း သိရသည်။

“ကျမ တို့ မိုင်းရှူးက တကယ့် ငရဲပြည်လိုဖြစ်နေပြီ။ ကြောက်နေရတယ်။ ည မိုးချုပ်ရင် အိမ်အပြင် ကနေ မထွက်ရဲတော့ဘူး။ အားလုံး ဆိတ်ငြိမ်နေ တာဘဲ။ နေထိုင်လို့မကောင်းတော့ပါဘူးရှင်” - ဟု မိုင်းရှူးမြို့ခံ ကလေးသုံးယောက်မိခင် နန်းရွှေအိမ် ကပြောသည်။

အဆိုပါ ပစ်ခတ်ခံရသည့် နေရာ အနီးတွင် အောက်တိုဘာ ၇ ရက်က လည်း ထောင်မိုင်းကြောင့် မိုင်းရှူးမြို့ အမှတ် ၄ ရပ်ကွက်နေ အသက် ၆၁ အရွယ်အဖိုးလုံးကူ (လုံးဆန်လူ) နှင့် မြေးနန်းစိန် အသက် ၉ နှစ် တို့ ထိမှန် ဒဏ်ရာရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် မြန်မာ့တပ်မတော်ပိုင် မြ၀တီ သတင်း စာက သျှမ်းပြည် တပ်မတော် SSPP/SSA ၏ လက်ချက်ဟာ စွပ်စွဲထားသည်။ သျှမ်းပြည် တပ်မတော် SSPP/SSA ကမူ လူထုအားထိခိုက်စေမည့်လုပ်ရပ်မျိုး လုံးဝ မလုပ် ဟု စာရေးအကြောင်းပြန်ထားသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
အစိုးရတပ်မတော် ဂိတ်စောင့် စစ်သား ပစ်ခတ်မှုကြောင့် မိုင်းရှူးဒေသခံ တဦးသေဆုံး အစိုးရတပ်မတော် ဂိတ်စောင့် စစ်သား ပစ်ခတ်မှုကြောင့် မိုင်းရှူးဒေသခံ တဦးသေဆုံး Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.