ပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်းဦးစီးဌာနလက်အောက်ရှိ မြင်းခြံအကျဉ်းထောင်မှာ အောက်တိုဘာ(၁၁)ရက်နံနက်(၇)နာရီခန့်က ဆူပူဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ မြင်းခြံမြို့နေ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသားတွေကို အစားအစာ လုံလောက်အောင်ကျွေးမွေးရေး၊ စောင်နဲ့အဝတ်အထည်တွေ အသစ်လဲလှယ်ပေးရေး၊ လက်ရှိအကျဉ်းထောင်မှူးကို ပြောင်းရွှေ့ပေးရေးစတဲ့ အချက်တွေကို အကျဉ်းသားတွေက ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မြင်းခြံအကျဉ်းထောင်အတွင်းရှိ တိုက်(၁)နဲ့ တိုက်(၂)ကအကျဉ်းသား(၅၀၀)လောက်က အခုလို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြတာဖြစ်တယ်လို့ သိရပြီး ဒီဖြစ်စဉ်ကို CNB သတင်းဌာနအနေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေဆီက အတည်ပြုချက်ရရှိဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
မြင်းခြံအကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:31
Rating:
