တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ကချင်တိုင်းရင်းသားတွေ တောင်းဆို

( ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ရေး စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို တွေ့ရစဉ် ) Photo: Kyaw Myo Min/ RFA
အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကချင်တိုင်းရင်းသားတစ်ထောင်ကျော်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့်ကြဖို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးလုံဂျုံတူးယော်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ထိုးစစ်ဆင်မှုတွေအမြန်ဆုံးရပ်တန့်ဖို့၊ ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်းရပ်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ကေအိုင်အေက ဆက်ကြေးကောက်တာတွေ၊ လူသစ်စုဆောင်းတာတွေနဲ့ တပ်မတော်စစ်ကြောင်း တွေကို မိုင်းထောင် တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားရတာလို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားသလို တပ်မတော်က နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး အလုံးအရင်းနဲ့ တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်တာလို့ ကေအိုင်အေဖက်က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုတဲ့အပြင် ဝတ်ပြုဆုတောင်းတာတွေ၊ တေးဂီတနဲ့ ဖျော်ဖြေတာတွေပြုလုပ်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ