တောင်ကယ်လီဖိုးနီးယား၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ၁၃ ဦးသေ ၊ ၃၁ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ အောက်တိုဘာ ၂၃ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယား၌ အောက်တိုဘာလ ၂၃ ရက်က ဘတ်စ်ကားတစ်စီး နှင့် ထရပ်ကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၃ ဦးသေဆုံးပြီး ၃၁ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသတင်းပေးဖို့ ချက်ကို ကယ်လီဖိုးနီးယားပြည်နယ် အဝေးပြေးလမ်းလှည့်ကင်းရဲတပ်ဖွဲ့ (CHP)က ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၇ မိနစ်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကားနှစ်စင်းသည် လော့စ်အိန်းဂျလိစ်မြို့ အရှေ့ ဖက် ၁၆၀ကီလိုမီတာအကွာရှိ Palm Springs မီးပွိုင့်အနီးသို့ ချဉ်းကပ်လာစဉ် ရှေ့ မှ မောင်းနင်နေသော ထရပ်ကားသည် ကား၏မြန်နှုန်းကို တစ်နာရီလျှင် ၅ မိုင်နှုန်းအထိ လျှော့ချလိုက်ရာ နောက်တွင်ကပ်၍ လိုက်ပါလာသော ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားသည် ၄င်း၏ အရှိန်ကို မထိန်းနိုင်ဘဲ ထရပ်ကား၏ အမြီးပိုင်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ သော် အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍အသေးစိတ်အချက်အလက်ကို ရှင်းရှင်းလင်းလင်း သိရှိရသေးခြင်း မရှိပါ။

China Xinhua News
တောင်ကယ်လီဖိုးနီးယား၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ၁၃ ဦးသေ ၊ ၃၁ ဦးဒဏ်ရာရ တောင်ကယ်လီဖိုးနီးယား၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ၁၃ ဦးသေ ၊ ၃၁ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 14:51 Rating: 5
Powered by Blogger.