ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သင်္ကြန်ကာလ၀န်းကျင်တွင် ပြန်လည်ရွေးချယ်မည်ဟုဆို


ရန်ကုန် အောက်တိုဘာ ၁၉

ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လာမည့် သင်္ကြန်ကာလ၀န်းကျင်အတွင်း ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက China.com သို့ ပြောသည်။ လက်ရှိအချိန်တွင် တာဝန်ယူထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ယခင်အစိုးရလက်ထက် ရွေးချယ်ခဲ့သော အုပ်ချုပ်ရေးမှူးများဖြစ်ပြီး ရွေးချယ်သည့် စနစ်သည်လည်း ပြည်သူကို ကိုယ်စားပြုသည့် စနစ်မဟုတ်သောကြောင့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ရွေးချယ်ပွဲကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“သိပ်မကြတော့ဘူးဗျ။ ဒီတစ်ခေါက်မှာ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဧည့်စာရင်းကိစ္စမှာ ပြည်သူ့လွှတ်တော်နဲ့ နည်းနည်း အမျိုးသားလွှတ်တော်နဲ့ သဘောထားကွဲလွဲသလိုမျိုး ဖြစ်သွားတဲ့ အခါကျတော့ ဒီတစ်ခေါက် လွှတ်တော်ပြန်ခေါ်လို့ ပြည်ထောင်စုလွှတ်တော်မှာ တစ်ကြိမ်ဆိုရင် ပြီးပါပြီ။ ပြီးတဲ့အခါကျတော့ သိပ်မကြာပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကလည်း ရှိတော့ သင်္ကြန်ပြီး ဒါမှမဟုတ် သင်္ကြန်မတိုင်ခင် သင်္ကြန်ဝန်းကျင်ကာလမှာ ပြန်ရွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ညွှန်ကြားထားပြီးပါပြီ။ ရွေးတာတော့ ပြန်ရွေးမှာပါ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

တာဝန်ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ယခင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေအတွက်သည် ပိုများပြီး မြေနေရာ ရောင်းစားမှုများ၊ ချစားခြင်းများ ရှိနေသောကြောင့် တိုင်ကြားထားခြင်းများနှင့် အမှုရင်ဆိုင်နေရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများလည်း ရှိနေကြောင်း ၎င်းကပြောသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သင်္ကြန်ကာလ၀န်းကျင်တွင် ပြန်လည်ရွေးချယ်မည်ဟုဆို ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သင်္ကြန်ကာလ၀န်းကျင်တွင် ပြန်လည်ရွေးချယ်မည်ဟုဆို Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.