နိရဉ္စရာ၊ အောက်တိုဘာ ၁၁
မောင်တောာမြို့နယ် မြောက်ပိုင်း လောင်တုံကျေးရွာ အနီးရှိ ငစကြူဘင်္ဂလီရွာအနီးတွင် အောက်တိုဘာလ (၁၁)ရက်နေ့ ယနေ့ နေ့လယ် ၂ နာရီက စပြီး တပ်မတော် စစ်ကြောင်းတစ်ခုနှင့် အကြမ်းဖက်သမားများ အကြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု လောင်တုံကျေးရွာသားက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ သေနတ်သံတွေကြားတာ ၂ နာရီ တစ်မိနစ်ပါ။ အခု တပ်မတော်နဲ့ RSO အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ငစကြူကုလားရွာနဲ့ ကျွန်တော်တို့ ရွာက ၂ မိုင်ဘဲ ဝေးပါတယ်။ အခု ထိ သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ ရွာဘက်ကိုများ ကျွံလာမလားလို့ စိုးရိမ်နေရပါတယ်” ဟု လောင်တုံရွာသား တစ်ဦးက ပြောသည်။
အင်အား ၃၀ ကျော်ခန့် ပါဝင်သော တပ်မတော် စစ်ကြောင်းတစ်ခု လောင်တုံရွာမှ တောင်ဘက်တွင်ရှိသော ငစကြူကျေးရွာသို့ ကားလမ်းအတိုင်း ခြေလျင် ထွက်ခွာသွားပြီး အချိန်အနည်းငယ်အကြာတွင် သေနတ်သံများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူက ပြောသည်။
“ အဲဒီ ငစကြူးက အိမ်ခြေ ၆၀၀ ကျော်ခန့် ရှိတဲ့ ကုလားရွာကြီး တစ်ရွာပါ။ သေနတ်သံတွေက အဲဒီရွာဘက်က ကြားနေရပါတယ်။ ကျွန်တော်တို့ရွာမှာ လုံခြုံရေးလည်း သိပ်မရှိတော့ စိုးရိမ်နေကြပါတယ်။ ဘယ်လို လုပ်ကြမလဲ မသိတော့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ရွာသားဖုန်းဆက်ပြောချိန်မှာ ညနေ ၃ နာရီ ၄၀ ခန့်ရှိနေပြီ ဖြစ်သဖြင့် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နာရီကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် မြောက်ပိုင်း ငစကြူးဘင်္ဂလီရွာအနီးတွင် နေ့လယ် ၂ နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားနေ
Reviewed by THITHTOOLWIN
on
18:36
Rating:
