ဖမ်းထားသည့် လူသူလက်နက်ပြန်အပ်သော်လည်း မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုကို ဝ တပ်ဖွဲ့ ဆုတ်မပေး

ဓါတ်ပုံ- ၀ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအ၀င် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်
အောက်တိုဘာ ၃ ရက် ၂၀၁၆

ဝ တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်ထားသည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုအား အထက်အမိန့် မရမချင်း ဆုတ်ပေး မည်မဟုတ်ဟု ၀ တပ်ဖွဲ့တပ်မှူးကြီး က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်ဝေးသော မိုင်းလား တပ်ဖွဲ့၏ တပ်စခန်းကြီး နှစ်ခု ဂိတ်စခန်းတခုအား စက်တင်ဘာလ ၂၈ ရက်က အင်အား ၆၀၀ ကျော်ရှိ ဝ တပ်ဖွဲ့မှ ဝင်ရောက် သိမ်းပိုက်ထားရာ ယမန်ေ န့ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ပန်မတ်ဖိုင်း ဂိတ်စခန်းနှ င့်အ တူ ဖမ်းထား သည့် မိုင်းလားတပ်ဖွဲ့ဝင် ၁၅၀ ကျော် အား ၀တပ်ဖွဲ့မှ မိုင်းလား တပ်ဖွဲ့ ထံပြန် အပ်လိုက်သည်။ သို့သော် စစ်ရေးအတွက် အရေးပါသည်ဟု ယူဆရသည့် မိုင်းလားတပ်ဖွဲ့၏ လွယ်ဆမ်ဆုမ် တပ်စခန်း၊ လွယ်ကျူဆိုင်း တပ်စခန်း တို့ကိုမူ အထက်အမိန့်မရလျှင် ပြန်လည်ပေး အပ်မည် မဟုတ်ဟု ၀ တပ်ဖွဲ့စစ်ကြောင်းမှူးက ပြောကြားလိုက်သည်ဟု သိရသည်။

“၀ က ဖမ်းထားတဲ့ ၁၅၁ ဦးကို စက်တင်ဘာ ၃၀ ရက်နေ့က ၁၇ ဦးလွတ်ပေး တယ်။ မနေ့က ညနေ ပိုင်းက ကျန်တဲ့ ၁၃၈ ဦးကိုပြန်လွတ်ပေးတယ်။ လက်နက်တွေလဲ ဒီမနက်ပြန်ရပြီ။ ပန်မတ်ဖိုင်းဂိတ် ကိုလဲပြန်အပ်တယ်။ ဒါပေမယ့် လွယ်ဆမ်ဆုမ် နဲ့ လွယ်ကျူဆိုင်းကိုတော့ အထက်အမိန့် မရရင် ပြန် မပေးနိုင်ဘူးပြောတယ်။ တပ်မဟာ ၄၆၈ မှူးပေါက်အိုက်ပန်းကပြောတယ်” - ဟုမိုင်းလားတပ်ဖွဲ့၏ ရှေ့တန်းအရာရှိတဦး ကပြောသည်။

တပ်မဟာ ၄၆၈ တပ်မှူး ပေါက်အိုက်ပန်း မှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ ၀ ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း သမ္မတကြီး ဦးသိန်းစိန် ၏ ပြည်ထောင်စုအစိုးရသစ် က ၄င်းအား လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ သည်။

ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက - “ကျနော်တို့ ဝ တပ်ဖွဲ့ ကိုဖုန်းဆက်မေးတယ်။ သူတို့ကတော့ စစ်ရေးလေ့ကျင့် တာပါတဲ့။ ဘာမှမဖြစ်ဘူးတဲ့။ အဲဒီလိုဘဲပြော တာ” - ဟုဆို၏။

မိုင်းလားတပ်စခ န်းအားစစ်သည်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်း ပိုက်သည့် ပေါက်အိုက်ပန်း သည် ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့် တူ တော်စပ်ပါသည်။

လွယ်ဆမ်ဆုမ် နှင့် လွယ်ကျူဆိုင်းတပ်စခန်းသည် ကျိုင်းတုံမြို့အထိမြင်နိုင် သည့် တောင်စခန်းဖြစ် သည်ဟု လည်းမိုင်းလားတပ်ဖွဲ့ဘက်ကအတည်ပြုေ ပာဆိုသည်။

မိုင်းလားတပ်ဖွဲ့၏ အရေးပါတပ်စခန်းများအား ဝ တပ်ဖွဲ့ အင်အားသုံး သိမ်း ပိုက် ရခြင်းမှာ - ၁ ။ ၀ တပ်ဖွဲ့ ၏ အောက်ခြေအရာရှိအဆင့်တာစေလွတ်ရန် ဝ တပ်ဖွဲ့အကြံပေးတဲ့အပေါ် မိုင်းခေါင်းဆောင်လက်မခံ ပဲ ဥက္ကဌဦးစိုင်းလင်း ကိုယ်တိုင် ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခြင်း၊ ၂၁ ရာစုပင်လုံညီခံ မှ ဝ တပ်ဖွဲ့ ကိုယ်စားလှယ်များနှုတ်ထွက်လာသော်လည်းမိုင်းလား ကိုယ်စား လှယ်များနှုတ်မထွက်လာသည့်အပြင် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးေ က်ာမတီတွင်ပါဝင်ခြင်း၊ အထူးဒေသ ၄ မိုင်းလားမြို့နယ် နှင့် မိုင်းယုမြို့ နယ်ခွဲနှစ်ခုပေါင်းအား အခါကိုယ်ပိုင်အုပ်ချုပ်ရဒေသအဖြစ် သတ်မှတ်ပေးရန် မိုင်းလား တောင်းဆိုခြင်း စသည့်အကြောင်းအရာများနှင့် စပ်ဆိုင်သည် ဟုပြည်ထောင်စုအင်စတီကျု ဒါရိုက်တာဦးခွန်ဆိုင်း က သုံးသပ်သည်။

ဝ တပ်ဖွဲ့ UWSA မှာမူအထူးဒေသ ၄ နှင့် ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် အပါအဝင်သျှမ်းပြည်နယ် ၏ သံလွင်ရှေ့ခြမ်းဒေသအားလုံးအား ဝ ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြသည့် ၎င်းတို့ ၏စာတမ်းတွင်ပါရှိသည်။

၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာ့တပ်မတော် စရဖမှူးဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် မှ ဖိအားပေးစဉ် သျှမ်းပြည်အတွင်းဒုတိယ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် မွန်ပန်နောဝ်တောင် စခန်း၊ တောင်ဘက် မဲခေါင်မြစ်အဝင် နမ့်လွေချောင်းဝ စခန်း၊ အပါအဝင် အရေးပါသည့် တပ်စခန်းကြီးများအားထိုစဉ် မိုင်းလားတပ်ဖွဲ့ သဘောတူညီချက်ဖြင့် ၀ တပ်ဖွဲ့ များပူးတွဲအခြေချ ထားပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဖမ်းထားသည့် လူသူလက်နက်ပြန်အပ်သော်လည်း မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုကို ဝ တပ်ဖွဲ့ ဆုတ်မပေး ဖမ်းထားသည့် လူသူလက်နက်ပြန်အပ်သော်လည်း မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုကို ဝ တပ်ဖွဲ့ ဆုတ်မပေး Reviewed by THITHTOOLWIN on 07:11 Rating: 5
Powered by Blogger.